Connect with us

Africa & Middle East

အီတလီကမ်းခြေစောင့်တပ်က ရွှေ့ပြောင်းအခြေချသူ ၇၆၆ ဦးကိုကယ်တင် ၊ လစ်ဗျာရေပိုင်နက်အတွင်း ပျောက်ဆုံးနေသူ ၂၃၉ ဦးရှိ

မြေထဲပင်လယ်ကိုဖြတ်၍ ဝင်ရောက်လာသော ရွှေ့ ပြောင်းအခြေချသူများအား အီတလီရေတပ်မှ ကယ်ဆယ်နေစဉ်(ဓာတ်ပုံ-အင်တာနက်)

ရောမ၊နိုဝင်ဘာ၄ ရက်(ဆင်ဟွာ)

အီတလီနိုင်ငံကမ်းခြေစောင့်တပ်က မြေထဲပင်လယ်၌ နိုဝင်ဘာလ ၃ ရက်ကပြုလုပ်သော စစ်ဆင်ရေး ၇ ခုအတွင်း ရွှေ့ပြောင်းအခြေချသူ ၇၆၆ ဦးကို ကယ်တင်ခဲ့ကြောင်း သိရသည်။ အဆိုပါ ရွှေ့ပြောင်းအခြေချသူများသည် ရော်ဘာလှေ ငါးစီး ၊ စက်လှေတစ်စီး နှင့် ရွက်လှေတစ်စီးကို အသုံးပြု၍ ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း ကမ်းခြေစောင့်တပ်က ဆိုသည်။

တစ်ချိန်တည်းမှာပင် လစ်ဗျားနိုင်ငံမှ ထွက်ခွာလာသော စက်လှေပျက် နှစ်စီးကို တွေ့ရကြောင်း နှင့် ခန့်မှန်းခြေ လူပေါင်း ၂၃၉ ဦးပျောက်ဆုံးလျက်ရှိကြောင်း ANSA သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

လစ်ဗျားကမ်းရိုးတန်းတွင် နှစ်မြုပ်သွားသော စက်လှေနှစ်စင်းပေါ်မှ အနည်းဆုံး ခရီးသည် ၂၃၉ ဦး ပျောက်ဆုံးလျက်ရှိကြောင်း UNHCR ပြောခွင့်ရပုဂ္ဂိုလ် Carlotta Sami ကဆိုသည်။ အဆိုပါ စက်လှေနှစ်စင်းတိမ်းမှောက်ရာမှ ကယ်တင်နိုင်ခဲ့သော အသက်ရှင်ကျန်ရစ်သူ နှစ်ဦး၏ ထွက်ဆိုချက်အရ အတည်ပြုနိုင်ခဲ့ကြောင်း Sami က ဆက်ပြောသည်။

နိုဝင်ဘာလ ၃ ရက် အစောပိုင်းတွင် အီတလီနိုင်ငံဝန်ကြီးချုပ် Sergio Mattarella က ရွှေ့ပြောင်းအခြေချသူများအကြပ်အတည်းသည် “ ယခုရာစုနှစ်အစရဲ့ လူသားချင်းစာနာမှုဆိုင်ရာ အရေးပေါ်အခြေအနေ” ဟု ပြောကြားခဲ့သည်။

၎င်းအခြေအနေပေါ်တွင် အပြည့်အဝ နားလည်မှုမရသေးကြောင်း အီတလီဝန်ကြီးချုပ်က ဆက်လက်ပြောကြားခဲ့ပြီး မြောက်အာဖရိကမှ ဖြတ်ကျော်ဝင်ရောက်လာသော ရွှေ့ပြောင်းအခြေချသူများကို အီတလီနိုင်ငံက စံချိန်တင်ပမာဏဖြင့် တာဝန်ယူလက်ခံခဲ့ပြီးဖြစ်ကြောင်း ဝန်ကြီးချုပ်က ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117