Connect with us

Africa & Middle East

ISအဖွဲ့နှင့် ဆက်စပ်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးအား ကင်ညာရဲတပ်ဖွဲ့ဖမ်းဆီး

IS အဖွဲ့နှင့် ချိတ်ဆက်နေသည့် တက္ကသိုလ်ကျောင်းသားများအား ကင်ညာရဲတပ်ဖွဲ့များ ဝင်ရောက်ဖမ်းဆီးနေစဉ် (ဓါတ်ပုံ-အင်တာနက်)

နိုင်ရိုဘီ၊ နိုဝင်ဘာ ၃ရက် (ဆင်ဟွာ)

ကင်ညာနိုင်ငံ အကြမ်းဖက်မှုတိုက်ဖျက်ရေးရဲတပ်ဖွဲ့ သည် Mombasa ကမ်းရိုးတန်းမြို့ ရှိ တက္ကသိုလ်ကျောင်းသားတစ်ဦးအား ISစစ်သွေးကြွအုပ်စု နှင့် ချိတ်ဆက်နေသည့် ပြစ်မှုဖြင့် နိုဝင်ဘာ ၂ရက်က ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ထောက်လှမ်းရေး အစီရင်ခံစာများအရ ရဲတပ်ဖွဲ့ဝင်များသည် Mombasa မြို့ ဆင်ခြေဖုံးဒေသရှိ IS အဖွဲ့နှင့် ဆက်နွယ်နေသည့် ကျောင်းသား၏ နေအိမ်အား စီးနင်းဝင်ရောက်ခဲ့ပြီး Hassan Kassim အမည်ရှိ ကျောင်းသားအား ဖမ်းဆီးခဲ့ကြောင်း သိရသည်။

Mombasa ရဲချုပ် Peterson Maelo က ထောက်လှမ်းရေးအဖွဲ့ဝင် များသည် Kassim၏ ဆက်သွယ်ရေးပစ္စည်းများအား ကြားဖြတ်စုံစမ်းခဲ့ပြီးနောက် ၎င်းသည် လစ်ဗျားသို့သွားရောက်ကာ IS အဖွဲ့သို့ဝင်ရောက်ရန် ကြိုးစားနေသည်ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

Maelo က “အကြမ်းဖက်အုပ်စုနဲ့ ပူးပေါင်းဖို့ကြံစည်နေတယ်လို့ သံသယရှိတဲ့ အခြားကျောင်းသားတွေကိုပါ ဖမ်းဆီးအရေးယူနိုင်ဖို့ အတွက် တရားခံကို စစ်ဆေးမေးမြန်းနေပါတယ်” ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့သည် သြဂုတ်လက Malindi ကမ်းရိုးတန်းမြို့ တွင် လစ်ဗျားရှိ IS အုပ်စုနှင့် ပူးပေါင်းရန် ကြံစည်နေသည့် ဆေးဘက်ဆိုင်ရာ အလုပ်သင် နှစ်ဦးအား ဖမ်းဆီးခဲ့ပြီး ၂၀၁၅ခုနှစ်ကလည်း Malindiမြို့၌ပင် ဆေးရုံတစ်ရုံအတွင်း အလုပ်လုပ်နေသည့် ဆေးဘက်ဆိုင်ရာ အလုပ်သင် လေးဦးအား အလားတူ ပြစ်မှုဖြင့် ဖမ်းဆီးခဲ့ကြောင်း သိရသည်။

Maelo က ရဲတပ်ဖွဲ့သည် တက္ကသိုလ်ကျောင်းသားများ ISတို့၏ လူစုဆောင်းမှု အစီအစဉ်တွင် ပါဝင်မှုမရှိစေရေးအတွက် တက္ကသိုလ်ကျောင်းများ နှင့် ပူးပေါင်းလုပ်ဆောင်လျက်ရှိကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.