Connect with us

Africa & Middle East

တောင်အာဖရိက နိုင်ငံမှ ကျောင်းသား ၅၃ ဦး တရုတ်နိုင်ငံသို့ ပညာတော်သင် စေလွှတ်

အာဖရိက ကျောင်းသားများ ပညာသင်ယူနေစဉ် (ဆင်ဟွာ)

ပရီတိုးရီးယား၊ သြဂုတ် ၂၅ ရက် (ဆင်ဟွာ)

တောင်အာဖရိ အစိုးရက ကျောင်းသား ၅၃ ဦးပါဝင်သော အဖွဲ့အား တရုတ်နိုင်ငံသို့ ပညာသင် စေလွှတ်ခဲ့ပြီး ယင်းအရေအတွက်သည် အာဖရိက နိုင်ငံများမှ ပညာသင် စေလွှတ်ခဲ့သည့် အထဲတွင် ပမာဏ အများဆုံး ဖြစ်သည်။

ထိုကျောင်းသားများသည် တရုတ်နိုင်ငံ၌ ပညာရပ် နယ်ပယ် အမျိုးမျိုးတွင် သင်ယူရန် တရုတ် အစိုးရ၏ ပညာသင်ဆု ရရှိထားသူများ ဖြစ်ကြောင်း တောင်အာဖရိကနိုင်ငံ အဆင့်မြင့်ပညာနှင့် လေ့ကျင့် သင်ကြားရေး (DHET) ဒုတိယဝန်ကြီး Mduduzi Manana က ပြောပါသည်။

ပညာတော်သင် လျှောက်ထားသော ကျောင်းသားပေါင်း ၁၈၀ ကျော်ထဲက ကျောင်းသား ၁၅၀ ဦးခန့်ကို လူူတွေ့ မေးမြန်းပြီး ဖြစ်ပြီး ၅၃ ဦးကိုတော့ ယနေ့ စေလွှတ်မည် ဖြစ်ကြောင်း တာဝန်ရှိသူက ဆက်လက် ပြောကြားပါသည်။

ကျောင်းသား အများစုသည် ပထမဆုံး အကြိမ် ပညာတော်သင် သွားရောက်မည့် သူများ ဖြစ်သည်။တရုတ်နိုင်ငံနှင့် တောင်အာဖရိက နိုင်ငံတို့၏ မဟာဗျူဟာမြောက်သော ပူးပေါင်းမှုကြောင့် နှစ်နိုင်ငံလုံး အတွက် အကျိုးကျေးဇူးများ ခံစားရခြင်း ဖြစ်ကြောင်း Manana ကပြောသည်။

၂၀၁၀ ခုနှစ်က သဘောတူ လက်မှတ် ရေးထိုးထားသော ပေကျင်း ကြေညာ စာတမ်းအရ တရုတ်နိုင်ငံနှင့် တောင်အာဖရိက နိုင်ငံတို့အကြား မဟာဗျူဟာ မြောက် ပူးပေါင်း ဆောင်ရွက်မှုများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်စေရန် နှစ်နိုင်ငံ အစိုးရမှ အစွမ်းကုန် ကြိုးပမ်းလျက်သည်။

“ နှစ်နိုင်ငံကြားက ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု တွေဟာ တစ်နှစ်ထက် တစ်နှစ် တိုးတက်လာခဲ့တယ်၊ G-20 နှင့် BRICS စတဲ့ နိုင်ငံတကာ အဖွဲ့တွေနဲ့ ပါဝင်ဆောင်ရွက် နေသလို တောင်အာဖရိက-တရုတ် ဆက် ဆံမှုဟာလည်း ကမ္ဘာ့ရေးရာတွင် အရေးပါသော အနေအထား တစ်ခု သို့ရောက်ရှိနေပါတယ်”ဟု Manana ကပြောသည်။

တောင် အာဖရိကနိုင်ငံ အဆင့်မြင့်ပညာ နှင့် လေ့ကျင့် သင်ကြားရေး (DHET) ၏ မီဒီယာ ပြန်ကြားရေးနှင့် ဆက် သွယ်ရေး ဒုတိယ ညွှန်ကြားရေးမှူး Busiswa Nongogo က ထိုကျောင်းသားများသည် ဆေးပညာ၊ ဇီဝနည်းပညာ၊ စိုက်ပျိုးရေး၊ စီးပွားရေး နှင့် တရုတ်ဘာသာစကား အပါအဝင် အခြား ပညာရပ်များတွင် လေ့ လာသင်ယူ သွားမည်ဟု ဆင်ဟွာသို့ ပြောသည်။

တောင်အာဖရိက နိုင်ငံသည် လွန်ခဲ့သော နှစ်အနည်းငယ် ကတည်းက တရုတ်နိုင်ငံသို့ ပညာတော်သင် ကျောင်းသားများ စေလွှတ်ခဲ့သည်။ လက်ရှိ တရုတ်နိုင်ငံတွင် တောင်အာဖရိက ကျောင်းသားပေါင်း ၁,၀၀၀ ကျော် ပညာ သင်ကြားလျက် ရှိနေပါသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117