Connect with us

Africa & Middle East

တောင် အာဖရိက နိုင်ငံတွင် လူသား ကျောက်ဖြစ်ရုပ်ကြွင်း အမျိုးအစားသစ် ရှာဖွေတွေ့ရှိ

တောင် အာဖရိက တိုက်တွင် အသစ် ရှာဖွေတွေ့ရှိခဲ့ ရှေးခတ်လူသား အရိုးစု ကျောက်ဖြစ်ရုပ်ကြွင်း အား ပြသ နေစဉ်(ဆင်ဟွာ)

ကေတောင်း ၊ စက်တင်ဘာ ၁၁ ရက်(ဆင်ဟွာ)

တောင် အာဖရိက လူသားမျိုးနွယ် လေ့လာရေးပညာရှင်မှ စက်တင်ဘာ ၁၀ ရက်နေ့တွင် Johannesburg အနောက်မြောက်ဘက် ကီလိုမီတာ ၅၀ အကွာခန့်တွင် ရှေးခတ်လူသား အရိုးစု ကျောက်ဖြစ်ရုပ်ကြွင်း အား ရှာဖွေတွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့ပြီး ယခုတွေ့ရှိခဲ့သည့် အမျိုးအစား သည် ယခင် တွေ့ရှိခဲ့သည့် ရုပ်ကြွင်း မျိုးမဟုတ်ဘဲ လူသား မျိုးနွယ် ဆင်းသက်ပြောင်းလဲမှု လေ့လာရေး အတွက် များစွာ အထောက်အကူ ဖြစ်စေနိုင်ကြောင်း ပြောကြားခဲ့သည်။

ထိုနေ့ တွင် တောင်အာဖရိက Witwatersrand တက္ကသိုလ် မှ လူသားမျိုးနွယ် လေ့လာရေး ပညာရှင်သည် ပထမ ဆုံးအကြိမ် တွေ့ရှိခဲ့သည့် လူသားမျိုးနွယ် အရိုးစု ကျောက်ဖြစ်ရုပ်ကြွင်း အသစ် များအား ပြသ ခဲ့သည်။ ထို ကျောက်ဖြစ်ရုပ်ကြွင်း များအား လိုဏ်ဂူ တစ်ခု အတွင်း ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်ပြီး စုစုပေါင်း လူသား အရိုးပေါင်း အခုရေ ၁၅၅၀ ခု ရှာဖွေတွေ့ရှိခဲ့ပြီး ဦးခေါင်းရိုး ၊ မေးရိုး ၊ သွား နှင့် လက်ချောင်းရိုး တို့ ပါဝင်သော ကလေး ၊ လူကြီး နှင့် လူအို တို့၏ ခန္ဓာကိုယ် အစိတ်အပိုင်း များ ဖြစ်ကြသည်။

တောင် အာဖရိက လေ့လာရေး သမား များမှ ယခု တွေ့ရှိခဲ့သည့် လူသား မျိုးနွယ် အား “နလိုက်ဓာ လူမျိုး” ဟု သတ်မှတ်ခဲ့သည်။ တောင်အာဖရိက Witwatersrand တက္ကသိုလ်မှ လူသား မျိုးနွယ် လေ့လာရေး ဌာန ပါမောက္ခ လီဘာဂါမှ ယခု ရှာဖွေတွေ့ရှိမှုသည် အံ့သြဖွယ် ကောင်းသော ရှာဖွေ တွေ့ရှိမှု တစ်ခု ဖြစ်ပြီး လူသားမျိုးနွယ် စတင်ရာ နှင့် ပတ်သက်၍ အသိပညာ အသစ် များ ရရှိစေ နိုင်ကြောင်း ၊ နလိုက်ဓာ လူမျိုး သည် အရပ် အမြင့် ၁.၅ မီတာ အမြင့်ရှိပြီး မတ်တပ်ရပ် သွားလာနိုင်သည့် လွန်ခဲ့သော နှစ်ပေါင်း ၂.၅ သန်းမှ ၂.၈ သန်းက ဖြစ်နိုင်ကြောင်း ၊ သေဆုံးသူအား လိုဏ်ဂူ အတွင်း ထားရှိခဲ့ခြင်း ဖြစ်နိုင်ပြီး ဤကဲ့သို့ လုပ်ဆောင်ခြင်း သည် ယခုခေတ်နှင့် နီးကပ်သော ခေတ်ကာလ တစ်ခုမှ စတင်လုပ်ဆောင် ခဲ့သည့် ဓလေ့ တစ်ခု ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် လေ့လာရေး သမားမှ နလိုက်ဓာ လူမျိုးများ၏ လက်ဝါး ၊ လက်ကောက်ဝတ်နှင့် ခြေထောက် များသည် ယခုခေတ် လူမျိုးနှင့် တူညီမှု ရှိပြီး နလိုက်ဓာ လူမျိုး၏ ဦးနှောက်မှာ လိမ္မော်သီး တစ်လုံး အရွယ် အစားခန့် သာရှိပြီး ခန္ဓာကိုယ် အပေါ်ပိုင်း ဖွဲ့စည်းမှု သည် ရှေးကျ သော ဖွဲ့စည်းမှု ပုံစံ ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ယခု ရှာဖွေတွေ့ရှိမှုသည် Sterkfontein ရှေးဟောင်း ကျောက်ဖြစ်ရုပ်ကြွင်း ရှာဖွေရေး စခန်း မှ ရှာဖွေ တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး ၎င်းဒေသသည် ကမ္ဘာ့ရှေးခေတ် လူသား ကျောက်ဖြစ် ရုပ်ကြွင်း အများဆုံး တွေ့ရှိခဲ့သည့် ဒေသ တစ်ခု ဖြစ်သည်။ ဤ ဒေသ တွင် ရှာဖွေ တွေ့ရှိခဲ့သည့် လူသား ကျောက်ဖြစ်ရုပ်ကြွင်း များသည် ကမ္ဘာပေါ်တွင် ရှာဖွေ တွေ့ရှိခဲ့သည့် စုစုပေါင်း လူသား ကျောက်ဖြစ် ရုပ်ကြွင်း၏ တစ်ဝက်ခန့်ရှိပြီး လူသား မျိုးနွယ် စတင်ရာ ရှာဖွေခြင်း အတွက် များစွာ အထောက်အကူ ဖြစ်စေခဲ့သည်။ (Xinhua)