Connect with us

Africa & Middle East

အန်ကာရာတွင် မြန်နှုန်းမြင့်ရထား တိမ်းမှောက်မှုကြောင့် လူ ၇ ဦးသေဆုံး၊ ၄၆ ဦးဒဏ်ရာရ


အန်ကာရာ၊ ဒီဇင်ဘာ ၁၃ ရက် (ဆင်ဟွာ)

တူရကီနိုင်ငံ မြို့တော် အန်ကာရာတွင် ဒီဇင်ဘာလ ၁၃ ရက် နံနက်ပိုင်းတွင် မြန်နှုန်းမြင့် ရထားတစ်စင်း တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၇ ဦး သေဆုံးကာ အခြားသူ ၄၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း အန်ကာရာ အုပ်ချုပ်ရေးမှူးက ပြောကြားခဲ့သည်။

ဒဏ်ရာရသူများအနက် သုံးဦးမှာ စိုးရိမ်ဖွယ် အခြေအနေတွင်ရှိကြောင်း အုပ်ချုပ်ရေးမှူး Vasip Sahin က ပြောသည်။

အဆိုပါ ရထားသည် မီးရထားစက်ခေါင်းတစ်ခုနှင့် တိုက်မိပြီး လမ်းချော်ကာ ရထားတွဲနှစ်တွဲ တိမ်းမှောက်သွားခဲ့ခြင်း ဖြစ်သည်။

တူရကီနိုင်ငံ အန်ကာရာမြို့တွင် ဒီဇင်ဘာလ ၁၃ ရက်က မြန်နှုန်းမြင့်ရထား တိမ်းမှောက်မှုဖြစ်ပွားမှုကို တွေ့ရစဉ် (ဆင်ဟွာ)

ဒေသခံ CNN Turk မှ ရုပ်သံပြသချက်အရ ရထားတွဲအချို့ပေါ်သို့ ခုံးကျော်တံတားမှ အပျက်အစီးများ ရထားတွဲအချို့ပေါ်သို့ ပြိုကျနေသည်ကို ပြသထားသည်။ အခင်းဖြစ်ပွားရာနေရာ၌ ကယ်ဆယ်ရေးအဖွဲ့များ လုပ်ကိုင်ဆောင်ရွက်နေကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117