Connect with us

Africa & Middle East

ဇင်ဘာဘွေအမျိုးသားဥယျာဉ်တွင် မိကျောင်းကိုက်ခံရ၍ ကမ္ဘာလှည့်ခရီးသည်တစ်ဦးသေဆုံး

မိကျောင်းတစ်ကောင်အားတွေ့ရစဉ် (ဆင်ဟွာ)

ဇင်ဘာဘွေ၊ ဇန်နဝါရီ ၄ ရက် (ဆင်ဟွာ)

ဇင်ဘာဘွေနိုင်ငံတောင်ပိုင်း ဘူလာဝါယိုမြို့တောင်ဘက် ၄၀ကီလိုမီတာ အကွာခန့် ရှိ မာတိုပို့စ် အမျိုးသားဥယျာဉ်၌ ဒီဇင်ဘာ၃၁ရက်တွင် ကမ္ဘာလှည့်ခရီးသည် ၂ဦး ကနူးလှေစီးနေစဉ် မိကျောင်းများ၏ တိုက်ခိုက်မှုကြောင့် ကမ္ဘာလှည့်ခရီးသည် တစ်ဦး သေဆုံးပြီး ကျန်တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ဇင်ဘာဘွေနိုင်ငံ သဘာဝဥယျာဉ် နှင့် တောရိုင်းတိရစ္ဆာန် စီမံခန့်ခွဲရေးအာဏာပိုင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Tinashe Farawo က ယင်းကမ္ဘာလှည့်ခရီးသည် ၂ဦးသည် မိကျောင်းများ ကျက်စားရာဆည်အတွင်း စီးနင်းခွင့်မရှိသော ရာဘာလေထိုးလှေဖြင့် လှော်ခတ်သွားလာခဲ့ကြကြောင်း Herald သတင်းစာသို့ ဇန်နဝါရီ ၃ရက်တွင်ပြောကြားခဲ့သည်။

၎င်းက John Bowman နှင့် Rosemary Mitchell အမည်ရှိ ခရီးသွားစုံတွဲသည် မာတိုပို့စ် အမျိုးသားဥယာဉ်ရှိ မိကျောင်းများကျက်စားရာ Mpopoma ဆည်အတွင်း လှေလှော်နေစဉ် မိကျောင်းများက ဝိုင်းဝန်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယင်းစုံတွဲသည် အားလပ်ရက်တွင် သူငယ်ချင်းများ နှင့်ပျော်ပွဲစား ထွက်လာခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

Farawo က ယင်းတို့ နှစ်ဦးအား ဆေးရုံသို့ အလျင်အမြန်ပို့ဆောင်ပေးခဲ့သော်လည်း ဆေးရုံသို့မရောက်ခင် Bowman သေဆုံးခဲ့ကြောင်း နှင့် Mitchell အား ဘူလာဝါယိုမြို့ဆေးရုံ၏ အရေးပေါ်လူနာဆောင်တွင် ဆေးကုသပေးထားကြောင်း ပြောကြားခဲ့သည်။

၎င်းက ကမ္ဘာလှည့်ခရီးသွားများအနေဖြင့် တောရိုင်းတိရစ္ဆာန်များ နှင့် နီးကပ်စွာမနေသင့်ကြောင်း၊ မည်သို့ပင် ထိန်းသိမ်းထားစေကာမူ အန္တရာယ်ရှိနိုင်ကြောင်းပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.