Connect with us

Africa & Middle East

အာဖရိက စီးပွားရေး ဖွံ့ဖြိုးမှုအတွက် တရုတ်က ထောက်ပံ့ ကူညီမည်

ဂါနာနိုင်ငံ ဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စ ဆန်းပေါင်ဟုန် (ဓာတ်ပုံ- Chinese Embassy in Ghana)

အက်ခရာ၊ သြဂုတ် ၈ ရက် (ဆင်ဟွာ)

စီးပွားရေး ဖွံ့ဖြိုးရန် ခက်ခဲသော အာဖရိက၏ ကောင်းမွန်သော အနာဂတ်နှင့် စီးပွားရေး လွတ်လပ်စွာ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည် ဖော်ခြင်းတွင် တရုတ်နိုင်ငံ ကနေ ခိုင်ခိုင်မာမာ ထောက်ပံ့ပေးမည်ဟု ဂါနာနိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး ဆန်းပေါင်ဟုန် ကပြောပါသည်။

“အာဖရိက တိုးတက်မှု ပြုပြင်ပြောင်းလဲရေး အတွေးအမြင်” ခေါင်းစဉ်ဖြင့် သုံးရက်ကြာ ပြုလုပ်မည့် စီးပွားရေး အတွေးအမြင်ပွဲ၏ ဖွင့်ပွဲ အခမ်းအနား၌ တရုတ် သံအမတ်ကြီးက ပြောကြားခဲ့ခြင်း ဖြစ်သည်။

အာဖရိက နိုင်ငံ အများစုသည် ခက်ခဲမှုများ ရင်ဆိုင် ကြုံတွေ့နေရပြီး စီးပွားရေး လွတ်လပ်စွာ ဖွံ့ဖြိုးရန် မဝါဒ များ နှင့် အစီအမံများ အတွက် တရုတ်နိုင်ငံ က ဆက်လက် ပံ့ပိုးရန် ရှိကြောင်း ဆန်း ကပြောပါသည်။

လွတ်လပ်ရေးရပြီးတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီး ဖြစ်သော်လည်း နိုင်ငံခြား ငွေကြေးအရင်းအနှီး၊ နည်းပညာ နှင့် ကုန်သွယ်မှု အပေါ် အလွန်အမင်း မှီခိုအားထား နေရတာတွေကြောင့် စီးပွားရေး လွတ်လပ်ခွင့် မရနိုင်ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

လက်ရှိအချိန်တွင်တော့ အာဖရိကနိုင်ငံတွေဟာ ပြောင်းလဲမှုတွေ လုပ်ဆောင်နေတဲ့အတွက် အဓိကကျသော ဧရိယာတွေမှာ တိုးတက်မှုတွေ ရှိနေပါတယ်။ တရုတ်နိုင်ငံ အနေဖြင့်လည်း အာဖရိကကို စိန်ခေါ်မှုတွေထဲမှာ ပစ်ထားမှာ မဟုတ်ကြောင်း ပြောပါတယ်။

သုံးရက်ကြာ ပြုလုပ်မည့်ပွဲတွင် အာဖရိကန် နိုင်ငံ ၁၇ နိုင်ငံမှ ကိုယ်စားလှယ်များ တက်ရောက် ကြပါသည်။စီးပွားရေး ပညာရပ်များ၊ လူငယ်နှင့် ခေါင်းဆောင်မှု၊ စီးပွားရေးဆိုင်ရာ အုပ်ချုပ်ရေးတွင် လူငယ်များ ပါဝင်လာရေး၊ အာဖရိကနှင့် အခွင့်အလမ်းများ အပြင် အခြား ကိစ္စရပ်များကိုလည်း ဆွေးနွေးကြမည် ဖြစ်သည်။ (Xinhua)