Connect with us

Africa & Middle East

ဆီးရီးယားနိုင်ငံ Raqqa မြို့တွင် အမေရိကန်ဦးဆောင်သော တပ်ဖွဲ့၏ လေကြောင်းတိုက်ခိုက်မှုအတွင်း ၃ဝ ကျော် သေဆုံး

ဆီးရီးယားနိုင်ငံ၌ အမေရိကန်ဦးဆောင်သော တပ်ဖွဲ့ ဝင်များက လေကြောင်းတိုက်ခိုက်မှုပြုလုပ်နေသည့် မြင်ကွင်းအားတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ဒမတ်စကက်စ် ၊ ဇွန် ၆ ရက် (ဆင်ဟွာ)

အမေရိကန်ဦးဆောင်သော တပ်ဖွဲ့ဝင်များသည် ဆီးရီးယားနိုင်ငံ မြောက်ပိုင်းရှိ Raqqa မြို့ပေါ်သို့ဇွန်လ ၅ ရက်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ လူပေါင်း ၃ဝ ကျော် သေဆုံးသွားကြောင်း အစိုးရလိုလားသည့် al-Watan သတင်းစာမျက်နှာက ရေးသားဖော်ပြသည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုသည် Euphrates မြစ်၏ တောင်ပိုင်းကမ်းခြေတွင် နေထိုင်သည့် အရပ်သားများအား သယ်ယူပို့ဆောင်ရေးပြုလုပ်ပေးနေသည့် မော်တော်ဘုတ်များအား ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရာမန်ဒန်ဥပုတ်ကာလ မတိုင်မီ တိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တစ်ချိန်တည်းမှာပင် ဆီးရီးယား လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့က သေဆုံးသူဦးရေမှာ ၂ဝ ကျော် ရှိကြောင်း ပြောကြားခဲ့သည်။ ဇွန်လ ၃ ရက်တွင် Raqqa မြို့အား လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သည့် ပုံစံမျိုးအတိုင်း ပြုလုပ်ခဲ့သည့် စစ်ဆင်မှုတွင် အနည်းဆုံး အရပ်သား ၄၃ ဦးထက်မနည်းသေဆုံးသွားကြောင်း နိုင်ငံပိုင် ရုပ်မြင်သံကြားသတင်းက ဖော်ပြသည်။

ဆီးရီးယားနိုင်ငံ အရှေ့ပိုင်း နှင့် မြောက်ပိုင်းဒေသများကို အိုင်အက်စ်အကြမ်းဖက်အုပ်စုက ထိန်းချုပ်ထားသလို Raqqa မြို့ကိုလည်း အိုင်အက်စ်တို့ကထိန်းချုပ်ထားရာ ယင်းမြို့ပေါ်သို့ အမေရိကန်ဦးဆောင်သော တပ်ဖွဲ့ဝင်များ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သားသေဆုံးမှုအရေအတွက်မှာ မကြာသေးခင်ကာလက မြင့်တက်လျက် ရှိကြောင်း သိရသည်။

ဆီးရီးယားနိုင်ငံတွင်ပြုလုပ်နေသော အမေရိကန်ဦးဆောင်သည့် တပ်ဖွဲ့ဝင်များ၏ အကြမ်းဖက်နှိမ်နှင်းမှု စစ်ဆင်ရေးသည် တရားမဝင်ကြောင်း နှင့် အရပ်သားပစ်မှတ်များကို တိုက်ခိုက်လျက်ရှိ၍ ရှုတ်ချကြောင်း ဆီးရီးယားအစိုးရက ထုတ်ပြန်ကြေညာထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.