Connect with us

Africa & Middle East

တရုတ်နိုင်ငံ ဖုန်းထုတ်လုပ်ရေးကုမ္ပဏီဖြစ်သည့် Lenovo မှ 4G စမတ်ဖုန်းများကို ကင်ညာတွင် စတင်မိတ်ဆက်

ကင်ညာနိုင်ငံ၊ နိုင်ရိုဘီ မြို့ရှိ မိုဘိုင်းဖုန်းအရောင်ဆိုင် တစ်ခုတွင် အရောင်းဝန်ထမ်းမှ ဈေးဝယ်သူအား ရှင်းပြနေစဉ်(ဆင်ဟွာ)

နိုင်ရိုဘီ၊ အောက်တိုဘာ ၂ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဖုန်းထုတ်လုပ်ရေး ကုမ္ပဏီတစ်ခု ဖြစ်သည့် Lenovo မှ ဈေးအသက်သာဆုံး 4G စမတ်ဖုန်းများကို ကင်ညာနိုင်ငံ ဈေးကွက်တွင် စတင်မိက်ဆက်ပေးခဲ့ကြောင်းသိရသည်။

အာဖရိကအရှေ့ပိုင်း ၏ Lenovo စီးပွားရေး ခေါင်းဆောင် ဒန်းနစ် အိုယူဂီ မှ ကင်ညာ ဖုန်းအသုံးပြုသူများသည် ဖုန်း အသွင်အပြင် လုပ်ဆောင်ချက်များကို မြှင့်တင်လာသည်နှင့် အမျှနိုင်ငံတွင်း စမတ်ဖုန်း လိုအပ်ချက်သည် လည်း မြင့်မားလာကြောင်း နိုင်ရိုဘီ တွင် ပြုလုပ်သည့်မီဒီယာများနှင့် တွေ့ဆုံပွဲ၌ ပြောကြားခဲ့သည်။

အိုယူဂီ မှ Lenovo သည် ကင်ညာနိုင်ငံသားများအတွက် အရည်အသွေး မြင့်မားပြီး ဈေးအသက်သာဆုံး စမတ်ဖုန်းများ ပိုင်ဆိုင်နိုင်စေရန် ကြိုးပမ်းဆောင်ရွက်နေကြောင်းနှင့် အဆိုပါ ဖုန်းများမှာ အမေရိကန်ဒေါ်လာ ၅၀ ဝန်းကျင်ခန့် သာ ရှိကြောင်း ပြောကြားခဲ့သည်။

၎င်းမှဆက်၍ ဈေးကွက်စီးပွားရေးစနစ်ကို တီထွင်ဆန်းသစ်ခြင်းမှတစ်ဆင့် နောင်လာမည့် ခြောက်လအတွင်း အနည်းဆုံးအနေဖြင့် စမတ်ဖုန်းဈေးကွက်၏ ရှယ်ယာ ၁၀ရာခိုင်နှုန်းကို ချုပ်ကိုင်နိုင်မည်ဟု မျှော်လင့်ပါကြောင်း ပြောကြားခဲ့သည်။

တန်ဇန်းနီးယား နိုင်ငံနှင့် အီသီယိုးပီးယား နိုင်ငံတို့တွင် နည်းပညာကုမ္ပဏီများ ရှိပြီး ဖြစ်သည့်အပြင် အာဖရိက အရှေ့ပိုင်းနှင့် အလယ်ပိုင်း တို့တွင်လဲ ဆက်လက် တိုးချဲ့လုပ်ဆောင်သွားရန် အစီအစဉ် ရှိကြောင်း သိရ သည်။

Lenovo မိုဘိုင်းဖုန်းထုတ်လုပ်ရေး စီးပွားရေး အုပ်စု မှ အရှေ့အလယ်ပိုင်းနှင့် အာဖရိက ရှိလုပ်ငန်းပိုင်းဆိုင်ရာ ခေါင်းဆောင် ရှရေး ရှန် မှ သူမ၏ ကုမ္ပဏီအနေဖြင့် အရှေ့အာဖရိက နယ်ပယ်များတွင် မိုဘိုင်းဖုန်း စီးပွားရေးလုပ်ငန်းများအောင်မြင်ရရှိလာခြင်းကို လိုလားပါကြောင်းပြောကြားခဲ့သည်။

ရှန်မှ ကင်ညာနိုင်ငံသည် အရှေ့အာဖရိက ၏ စီးပွားရေး ဂိတ်ပေါက်ဖြစ်သည့်အတွက်ကြောင့် ဈေးကွက် တွင်း စမတ်ဖုန်းများ နေရာပိုမို ရရှိလာသလို တစ်ကိုယ်ရည်သုံး ကွန်ပြုတာ ဈေးကွက်ကိုလဲ ချဲ့ထွင်နိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

Lenovo သည် ကမ္ဘာပေါ်တွင် နံပါတ် တစ် တစ်ကိုယ်ရည်သုံး ကွန်ပြုတာထုတ်လုပ်သူ ဖြစ်သလို စမတ်ဖုန်း ရောင်းချမှုတွင် လဲ ထိပ်ဆုံး နံပါတ် ငါး နေရာတွင် ရပ်တည်လျက်ရှိကြောင်းသိရသည်။ လက်ရှိ ကင်ညာနိုင်ငံ တွင် Lenovo သည် ဆက်သွယ်ရေး ကုမ္ပဏီများနှင့် ပူးတွဲ လုပ်ဆောင်ပြီး ရွေးချယ်ထားသော အရောင်း ကိုယ်စားလှယ်များ မှတစ်ဆင့် ၎င်း၏ စမတ်ဖုန်းများကို နိုင်ငံအနှံ ဖြန့်ချီရန် လုပ်ဆောင်နေကြောင်းသိရသည်။

နောက်ဆုံးအနေဖြင့် ရှန်မှ Lenovo ၏စမတ်ဖုန်းများသည် သုံးစွဲသူ ၏လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် အတွက် ဒီဇိုင်းဆွဲ ထုတ်လုပ်ထားခြင်း ဖြစ်ကြောင်းပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.