Connect with us

Africa & Middle East

အီဂျစ်လုံခြုံရေးတပ်ဖွဲ့က အကြမ်းဖက်သမား ၁၁ ဦးကို ပစ်ခတ်ရှင်းလင်း

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တွင် ဖြစ်ပွားခဲ့သော ကားဗုံးပေါက်ကွဲမှုဖြစ်စဉ်တစ်ခုအား တွေ့ရစဉ် (ဆင်ဟွာ)

ကိုင်ရို ၊ သြဂုတ် ၂၁ ရက်(ဆင်ဟွာ)

အီဂျစ်နိုင်ငံ North Sinai ပြည်နယ် Arishမြို့တွင် အီဂျစ်လုံခြုံရေး တပ်ဖွဲ့က လျှပ်တစ်ပြက်စစ်ဆင်ရေး လုပ်ဆောင်ခဲ့ရာ အကြမ်းဖက်သမား ၁၁ ဦးကို ပစ်ခတ်ရှင်းလင်းနိုင်ခဲ့ကြောင်း အီဂျစ် ပြည်ထဲရေးဝန်ကြီးဌာနက သြဂုတ် ၂၀ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

Arishမြို့ရှိ လယ်ယာစိုက်ကွင်းတစ်ခုတွင် ပုန်းခိုနေသည့် အကြမ်းဖက်သမားတစ်စုက လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ ချဉ်းကပ်မှုကိုတွေ့ရှိပြီး စတင်ပစ်ခတ်ခဲ့ရာ နှစ်ဖက်အပြန်အလှစ်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ ကြောင်း ၊ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်သမား ၁၁ ဦးကို ပစ်ခတ်ရှင်းလင်းနိုင်ခဲ့သလို လက်နက်ခဲယမ်း နှင့်ဖောက်ခွဲရေးပစ္စည်း အချို့ဖမ်းဆီးရမိခဲ့ကြောင်း ကြေညာချက်တွင် ဖော်ပြထား သည်။ လျှပ်တစ်ပြက်စစ်ဆင်ရေးပြုလုပ်သည့် အချိန်အတိအကျကို ကြေညာချက်တွင် ဖော်ပြထားခြင်းမရှိ ကြောင်း သိရသည်။

သြဂုတ် ၄ ရက်က ကိုင်ရိုမြို့လယ်ခေါင်တွင် ကားဗုံးပေါက်ကွဲမှုဖြစ်ပွားရာ အနည်းဆုံး လူ ၂၀ ဦး သေဆုံးခဲ့ ပြီး ၄၇ ဦးဒဏ်ရာရရှိခဲ့သည်။ အချင်းဖြစ်ပွားစဉ်တွင် မော်တော်ယာဉ်တစ်စီးက အကြမ်းဖက် တိုက်ခိုက်မှု ပြုလုပ်ရန် ဖေါက်ခွဲရေးပစ္စည်းများ တင်ဆောင်လာကြောင်း အီဂျစ်ပြည်ထဲရေးဝန်ကြီးဌာနက ဆိုသည်။

ယခုနှစ်ပိုင်းများတွင် အီဂျစ်နိုင်ငံ၌ အကြမ်းဖက်ဆန့်ကျင်ရေးလှုပ်ရှားမှုများ တင်းတင်းကြပ်ကြပ် လုပ်ဆောင်လျက်ရှိကြောင်းနှင့် ယခုနှစ်အတွင်း အီဂျစ်လုံခြုံရေးတပ်ဖွဲ့၏အကြမ်းဖက်ဆန့်ကျင်ရေး လှုပ်ရှားမှုတွင် အကြမ်းဖက် ၁၀၀ကျော်ကို ပစ်ခတ်ရှင်းလင်းနိုင်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.