ဒမတ်စကပ်စ် ၊ ဇူလိုင် ၁ ရက်(ဆင်ဟွာ) ယခုရက်ပိုင်းများတွင် ဆီးရီးယားတောင်ပိုင်း Daraa ပြည်နယ်နေရာအမြောက်အမြားရှိ လက်နက်ကိုင် ဆန့်ကျင်ရေးသမားများက အစိုးရနှင့်ပြန်လည်သင့်မြတ်ရန် သဘောတူခဲ့ကြောင်း ဆီးရီးယား စစ်တပ် နှင့် သတင်းအေဂျင်စီများ၏ ဇွန်လ ၃၀ ရက် သတင်းများအရ သိရသည်။
အန်တာနာနာရီဗို၊ ဇွန် ၃၀ ရက် (ဆင်ဟွာ) မဒါဂတ်စ်ကားနိုင်ငံတွင် သမ္မတ ရွေးကောက်ပွဲအား နိုဝင်ဘာလ ၇ ရက်တွင် ကျင်းပရန် စီစဉ်ထားကြောင်း ဝန်ကြီးချုပ် Cristian Ntsay က ဇွန်လ ၂၉ ရက်၌ ပြောကြားလိုက်သည်။
ထရီပိုလီ၊ ဇွန် ၃၀ ရက် (ဆင်ဟွာ) လစ်ဗျားနိုင်ငံ ကမ်းရိုးတန်း အလွန်တွင် ရွှေပြောင်းသွားလာသူများ လိုက်ပါလာသည့် လှေတိမ်းမှောက်ခဲ့၍ လူ အယောက် ၁၀၀ကျော် သေဆုံးသွားခဲ့ကြောင်း လစ်ဗျားနိုင်ငံ ရေတပ်က ဇွန် ၂၉ ရက်တွင်ပြောကြားခဲ့သည်။
အဘူဂျာ၊ ဇွန် ၂၉ ရက် (ဆင်ဟွာ) နိုင်ဂျီးရီးယားနိုင်ငံ စီးပွားရေးမြို့တစ်မြို့ဖြစ်သည့် လာဂို့စ်မြို့ ၌ ဇွန် ၂၈ ရက် ညနေပိုင်းက ယာဉ်ကြောပိတ်ဆို့နေစဉ် လောင်စာဆီတင်ကားတစ်စီး ပေါက်ကွဲခဲ့ရာ မော်တော်ယာဉ်အများအပြား မီးလောင်ပျက်စီးခဲ့ပြီး လူများစွာ သေဆုံးခဲ့ကြောင်း ပြည်တွင်း သတင်းတစ်ခု ၌ ဖော်ပြခဲ့သည်။
နိုင်ရိုဘီ၊ ဇွန် ၂၈ ရက် (ဆင်ဟွာ) ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့လယ်ရှိ အကြီးဆုံး Gikomba လေဟာပြင်ဈေးတွင် ဇွန်လ ၂၈ ရက်အရုဏ်တက်ချိန်တွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၉ ဦးသေဆုံးပြီး အခြားသူ ၆၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ (Xinhua)
ဂျေရုဆလမ်၊ ဇွန် ၂၇ ရက် (ဆင်ဟွာ) ဗြိတိန်နိုင်ငံ မင်းသား ဝီလျံသည် အစ္စရေးနိုင်ငံ သမ္မတ Reuven Rivlin နှင့် ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟု (Benjamin Netanyahu) တို့နှင့် ဇွန်လ ၂၆ ရက်က တွေ့ဆုံခဲ့ကြောင်း သိရသည်။
အာမန် ၊ ဇွန် ၂၇ ရက်(ဆင်ဟွာ) ဂျော်ဒန်တွင် လုံလောက်သည့်ကူညီလက်ခံနိုင်စွမ်းမရှိတော့သောကြောင့် ဆီးရီးယားဒုက္ခသည်များကို ထပ်ပြီးလက်ခံတော့မည်မဟုတ်ကြောင်း ဂျော်ဒန်ဝန်ကြီးချုပ် Omar Razzaz က အောက်လွှတ်တော် ဥက္ကဋ္ဌ Atef Tarawnehနှင့်တွေ့ဆုံပြီးနောက် ဇွန် ၂၆ ရက်တွင် ပြောကြားခဲ့သည်။
ဟာရာရီ ၊ ဇွန် ၂၆ ရက်(ဆင်ဟွာ) ဇင်ဘာဘွေနိုင်ငံ ဘူလာဝါယိုမြို့၌ ဇွန်လ ၂၃ ရက်က ကျင်းပသော သမ္မတ မဲဆွယ်စည်ရုံးရေးပွဲ တစ်ခု တွင် ဗုံးဖောက်ခွဲမှု ကြောင့် လူ ၂ ဦး သေဆုံးပြီး ၄၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဇင်ဘာဘွေအစိုးရအရာရှိ တစ်ဦးက...
ဒမတ်စကတ်စ် ၊ ဇွန် ၂၆ ရက်(ဆင်ဟွာ) အစ္စရေးနိုင်ငံမှ ပစ်လွှတ်လိုက်သော ဒုံးကျည် နှစ်စင်းသည် ဆီးရီးယားနိုင်ငံ ဒမတ်စကတ်စ်လေဆိပ်အနီးသို့ကျရောက်ခဲ့ကြောင်း ဆီးရီးယားနိုင်ငံပိုင်ရုပ်သံက သတင်းထုတ်လွှင့်ခဲ့သည်။
ထရီပိုလီ ၊ ဇွန် ၂၅ ရက်(ဆင်ဟွာ) လစ်ဗျားရေတပ်က ဇွန် ၂၄ ရက်တွင် လစ်ဗျားနိုင်ငံအနောက်ပင်လယ်ပြင်၌ကယ်ဆယ်ရေးနှစ်ကြိမ် ပြုလုပ်ခဲ့ပြီး စုစုပေါင်း တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ ၄၅၈ ဦးအား ကယ်ဆယ်ခဲ့ကြောင်း သိရသည်။