Connect with us

Africa & Middle East

ဆီးရီးယားနိုင်ငံ ဟုမ်းစ်မြို့တွင် ဗုံးနှစ်လုံးတွဲ ပေါက်ကွဲမှုကြောင့် လူ ၄၆ ဦးသေဆုံး

ဟုမ်းစ်မြို့ ဗုံးပေါက်ကွဲမှု မြင်ကွင်းအား တွေ့ရစဉ် (ဆင်ဟွာ)

ဒမာစကက်၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ)

ဆီးရီးယားနိုင်ငံ အလယ်ပိုင်း ဟုမ်းစ်မြို့၌ ဖေဖော်ဝါရီလ ၂၁ ရက်က ကားထောင်ချောက်ဗုံး နှစ်လုံးတွဲ ပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၄၆ ဦး သေဆုံးပြီး ဆယ်ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း စောင့်ကြည့်ရေး အဖွဲ့က သတင်းဖော်ပြထားသည်။

အစိုးရကို ထောက်ခံသော အာဏာရ လူတန်းစား Alwaite မျိုးနွယ်ဝင် အများစု နေထိုင်ရာ အယ်လ်-ဇာရာ ခရိုင်အတွင်းရှိ လမ်း ၆၀ တွင် ဗုံးပေါက်ကွဲခဲ့ခြင်း ဖြစ်ကြောင်း လူ့အခွင့်အရေးဆိုင်ရာ ဆီးရီးယား စောင့်ကြည့် လေ့လာသော အဖွဲ့က ပြောသည်။

ယင်းဗုံးပေါက်ကွဲမှုအား တိုက်ရိုက်ထုတ်လွှင့်တင်ဆက်နေသည့် နိုင်ငံပိုင် ရုပ်မြင်သံကြားမှ ကြီးမားသော ပျက်စီး မှုနှင့် လူ အစုလိုက်အပြုံလိုက် သေနေသည့် မြင်ကွင်းကို ပြသနေကြောင်း သိရသည်။

လွန်ခဲ့သည့် လကလည်း အယ်လ်-ဇာရာတွင် အလားတူ ဗုံးပေါက်ကွဲမှုကြောင့် လူ ၃၀ ဦးကျော် သေဆုံးခဲ့သည်။

ငါးနှစ်နီးပါးရှိနေပြီ ဖြစ်သည့် ဆီးရီးယားနိုင်ငံအတွင်း ပဋိပက္ခများအား နိုင်ငံရေးအရ အဖြေရှာပြီး ပြည်တွင်းစစ် များ ရပ်တန့်ရန် နိုင်ငံတကာ အသိုင်းအဝိုင်းက ကြိုးပမ်းလုပ်ဆောင်နေရာမှ အဆိုပါ ဗုံးပေါက်ကွဲမှု ဖြစ်ပွားလာ ခြင်း ဖြစ်သည်။ (Xinhua)