Connect with us

Asia

ကမ္ဘောဒီးယား၏ နာမည်ကျော် အန်ကော ရှေးဟောင်း ဥယျာဉ်အတွင်းကင်မရာတပ် ဒရုန်းအား တားမြစ်ထား

ကမ္ဘောဒီးယားနိုင်ငံရှိ အန်ကော ရှေးဟောင်း သုတေသန ဥယျာဉ်အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဖနွမ်းပင်၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံ အနောက်မြောက်ပိုင်း Siem Reap ပြည်နယ်ရှိ အန်ကော ရှေးဟောင်း သုတေသနဝင်း အပေါ်သို့ အဝေးထိန်း စနစ် အသေးစား လေယာဉ် ပျံသန်းခြင်းအား တားမြစ်သည့် ညွှန်ကြားချက် တစ်စောင်အား ထုတ်ပြန်လိုက်ကြောင်း အရာရှိ တစ်ဦးက နိုဝင်ဘာလ ၁၆ ရက်က အတည်ပြု ပြောကြားလိုက်သည်။

အဆိုပါ ညွှန်ကြားချက်အား အထက်ပါ ရှေးဟောင်းနယ်မြေကို စီမံခန့်ခွဲသည့် Apsara အာဏာပိုင်အဖွဲ့ ညွှန်ကြားရေးမှူးချုပ် Sum Map က နိုဝင်ဘာလ ၄ ရက် လက်မှတ်ရေးထိုးလိုက်ခြင်း ဖြစ်ကြောင်း Apsara အာဏာပိုင်အဖွဲ့ ပြန်ကြားရေး လက်ထောက် ညွှန်ကြားရေးမှူး Long Kosal က ပြောကြားခဲ့သည်။

“ပြည်တွင်းနဲ့ ပြည်ပ ခရီးသွား ဧည့်သည်များ ဘေးကင်း လုံခြုံရေးအတွက်ရော ရှေးဟောင်း ဘုရားကျောင်းတွေ အပေါ်ဖြစ်လာနိုင်တဲ့ သက်ရောက်မှုတွေကိုပါ ကာကွယ်တဲ့အနေနဲ့ အခုလို တားမြစ်လိုက်ခြင်း ဖြစ်ပြီး ဘုရားကျောင်းတွေ လုံခြုံရေး နဲ့ ညွှန်ကြားချက်တွေကို ထိန်းသိမ်းသွားမယ်” လို့ ပြောကြားခဲ့သည်။

စည်းကမ်း ချိုးဖောက်သူများအား သတိပေးခြင်းနှင့် ဒရုန်းများအား ပြည်သူပိုင်အဖြစ် သိမ်းယူခြင်းတို့ ပြုလုပ်သွားမည် ဖြစ်ကြောင်း၊ အကယ်၍ ဒရုန်း သုံးစွဲသူများအနေဖြင့် သုံးစွဲရန် လိုအပ်ပါက Apsara အာဏာပိုင်အဖွဲ့ထံမှ ခွင့်ပြုချက် တောင်းခံရမည် ဖြစ်ကြောင်း Kosal က ဆိုသည်။

၁၉၉၂ ခုနှစ်၌ ယူနက်စကို ရှေးဟောင်း အမွေအနှစ် စာရင်းဝင်ခဲ့သည့် အန်ကော ရှေးဟောင်းသုတေသန ဇုန်သည် ကမ္ဘာလှည့် ခရီးသွားများ စိတ်ဝင်စားဆုံး နေရာလည်း ဖြစ်သည်။

၂၀၁၆ ခုနှစ် ပထမ ၉ လအတွင်း အဆိုပါ ရှေးဟောင်းနေရာသို့ လာရောက်သည့် ခရီးသွား ဧည့်သည်ပေါင်း ၁.၅၆ သန်း ရှိခဲ့ပြီး လက်မှတ်ရောင်းရငွေပေါင်း အမေရိကန်ဒေါ်လာ ၄၄ သန်း ရရှိခဲ့ကြောင်း အစိုးရ စားရင်းဇယားအရ သိရသည်။

ကမ္ဘောဒီးယားနိုင်ငံတွင် ဘုရင့်မယ်တော် Norodom Monineth နေ့စဉ် ကိုယ်လက် လေ့ကျင့်ခန်း ပြုလုပ်နေစဉ် ဂျာမနီ ခရီးသွား ဧည့်သည် တစ်ဦးက ဗီဒီယို ကင်မရာ တပ်ဆင်ထားသည့် ဒရုန်းတစ်စင်း နန်းတော် အထက် ဝေဟင်ပေါ်သို့ ပျံသန်းခဲ့မှုကြောင့် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလကတည်းက မြို့တော် ဖနွမ်းပင်၏ ဝေဟင်၌ ဒရုန်း ပျံသန်းခွင့် တားမြစ်ထားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.