Connect with us

Asia

ဂျပန်နိုင်ငံရှိ အသက်အကြီးဆုံးအဘွားအို အသက် ၁၁၇ နှစ်တွင် ကွယ်လွန်

ဂျပန်နိုင်ငံရှိ အသက်အကြီးဆုံး အဘွားအို ချီယို မီယာကိုအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

တိုကျို၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံရှိ အသက် ၁၁၇ နှစ်အရွယ်ရှိ အသက်အကြီးဆုံး အဘွားအို ချီယို မီယာကို (Chiyo Miyako) သည် ဇူလိုင်လ ၂၂ ရက်က ကွယ်လွန်သွားခဲ့ကြောင်း ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဝန်ထမ်း ဝန်ကြီးဌာနက ဇူလိုင်လ ၂၆ ရက်တွင် ပြောကြားလိုက်သည်။

၁၉၀၁ ခုနှစ် မေလ ၂ ရက်တွင် မွေးဖွားခဲ့သော မီယာကိုသည် ဧပြီလက အသက် ၁၁၇ နှစ်အရွယ် ဂျပန်အမျိုးသမီး နာဘီ တာဂျိမာ (Nabi Tajima) သေဆုံးပြီးနောက် ဂျပန်နိုင်ငံ၏ အသက်အကြီးဆုံး အမျိုးသမီးနှင့် အသက်အကြီးဆုံး ပုဂ္ဂိုလ်ဖြစ်လာခဲ့သည်။ ၎င်းသည် ကမ္ဘာ့ အသက်အကြီးဆုံး သက်ရှိ ပုဂ္ဂိုလ်လည်း ဖြစ်နိုင်ခြေရှိသည်။

မီယာကို သေဆုံးပြီးနောက် ၁၉၀၃ ခုနှစ် ဇန်နဝါရီလ ၂ ရက်တွင် မွေးဖွားခဲ့သူ ကန်နဲ တာနာကာ (Kane Tanaka) သည် ယခုအခါ ဂျပန်နိုင်ငံ၏ အသက်အကြီးဆုံး ပုဂ္ဂိုလ်ဖြစ်လာပြီး အသက်အရွယ်အားဖြင့် ၁၁၅ နှစ်ရှိပြီ ဖြစ်ကြောင်း သိရသည်။ဂျပန်နို်င်ငံရှိ အသက်အကြီးဆုံးအမျိုးသားမှာ အသက် ၁၁၃ ခုနှစ်အရွယ် မာဆာဇို နိုနာကာဖြစ်ပြီး ကမ္ဘာ့အသက်အကြီးဆုံး သက်ရှိအမျိုးသားအဖြစ် ဧပြီလက ဂင်းနစ်စံချိန်တင်ခဲ့ကြောင်း သိရသည်။ (Xinhua)