Connect with us

Asia

ဂျပန်နိုင်ငံ ချီဘားစီရင်စုတွင် အင်အား ၅.၃ ရှိသော ငလျင်လှုပ်ခတ်

ငလျင်ကြိမ်နှုန်းပြ ဂရပ်အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

တိုကျို၊ အောက်တိုဘာ ၁၂ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံ ချီဘားစီရင်စုတွင် ဒေသစံတော်ချိန် နေ့လယ် ၁း၁၅ နာရီက ပြင်းအား ၅.၃ ရှိသော ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း ဂျပန်နိုင်ငံ မိုးလေဝသဌာနက အောက်တိုဘာလ ၁၂ ရက်တွင် ပြောကြားလိုက်သည်။

အဆိုပါ ငလျင်သည် ဂျပန်နိုင်ငံ အရှေ့ပိုင်း ချီဘားစီရင်စု အရှေ့မြောက်ဘက်၊ မြောက်လတ္တီကျု ၃၅.၇ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု၁၄၀.၇ ဒီဂရီ၊ မြေအောက်အနက် ၅၀ ကီလိုမီတာအား ဗဟိုပြုလှုပ်ခတ်ခဲ့ခြင်း ဖြစ်သည်။

ထိုငလျင်၏အဆင့်အား ချီဘားစီရင်စု၏ အချို့နေရာများတွင် အဆင့် ၄ အဖြစ် သတ်မှတ်ခဲ့ပြီး တိုကျိုမြို့တွင် အဆင့် ၂ အဖြစ် သတ်မှတ်ထားကြောင်း၊ ဂျပန်နိုင်ငံ၏ ငလျင်ပြင်းအားကို အဆင့် ၇ အထိ သတ်မှတ်ထားကြောင်း သိရသည်။

ငလျင်လှုပ်ခတ်မှုကြောင့် ပျက်စီးမှုကြီးကြီးမားမား မရှိခဲ့သလို ဆူနာမီသတိပေးချက် ထုတ်ပြန်ထားခြင်းလည်း မရှိပေ။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.