Connect with us

Asia

တိုကျိုအိုလံပစ်အားကစားပွဲမှ မြို့တော်စေတနာ့ဝန်ထမ်း ၃,၅၀၀ ဦးခန့် နုတ်ထွက်

တိုကျိုမြို့ရှိ အားကစားရုံပြင်ပ၌ ၂၀၂၀ တိုကျိုအိုလံပစ်အားကစားပွဲမစတင်မီ ရက်ပေါင်း ၅၀ အလို ညွှန်ပြထားသော အချိန်မှတ် နာရီအား ဇွန် ၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တိုကျို ၊ ဇွန် ၇ ရက်(ဆင်ဟွာ)

အိုလံပစ် နှင့် မသန်စွမ်းအိုလံပစ် အားကစားပွဲများအတွက် မြို့တော်လမ်းညွှန်များအဖြစ် တာဝန်ထမ်းဆောင်ကြမည့် စေတနာ့ဝန်ထမ်း ၄၀,၀၀၀ ကျော်အနက် ၃,၅၀၀ ခန့်သည် ၎င်းတို့၏ အခန်းကဏ္ဍမှ နုတ်ထွက်ခဲ့ကြောင်း သိရသည်။

ဂျပန်နိုင်ငံပိုင်ရုပ်သံ NHK က မြို့တော်စေတနာ့ဝန်ထမ်းများ စုဆောင်းသည့် ပြိုင်ပွဲကျင်းပရေး စီရင်စုအစိုးရ ၁၁ ခုအနက် ၉ ခုက ထုတ်ပြန်သော နုတ်ထွက်သည့် အရေအတွက်အရ Chiba စီရင်စု၌ ပြီးခဲ့သောလကုန်ပိုင်းတွင် နုတ်ထွက်သူ ၁,၀၈၃ ဦးနှင့်အတူ ထိပ်ဆုံး၌ ရှိနေပြီး ယင်းနောက်တွင် Miyagi စီရင်စုက နုတ်ထွက်သူ ၈၀၀ ဦးခန့် ရှိကာ Fukushima စီရင်စုတွင် နုတ်ထွက်သူ ၆၃၀ ဦး အသီးသီး ရှိကြောင်း သိရသည်။

တိုကျိုမြို့ရှိ အားကစားရုံပြင်ပ၌ ၂၀၂၀ တိုကျိုအိုလံပစ်အားကစားပွဲမစတင်မီ ရက်ပေါင်း ၅၀ အလို ညွှန်ပြထားသော အချိန်မှတ် နာရီအား ဇွန် ၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

နုတ်ထွက်သူစုစုပေါင်းအရေအတွက်သည် တိုကျိုမြို့နှင့် Saitama စီရင်စုတို့မှ အရေအတွက်များကို ထည့်သွင်း အတည်ပြုသည့်အခါတွင် ထပ်တိုးလာဖွယ်ရှိကြောင်း ခန့်မှန်းထားဟု NHK ၏ ဖော်ပြမှုအရ သိရသည်။
ထိုသို့ နုတ်ထွက်သူ များစွာက COVID-19 ရောဂါကူးစက်မှု မြင့်တက်လာခြင်းအပေါ် စိုးရိမ်ပူပန်မှုများကြောင့် ဟု ပြောကြားခဲ့ပြီး အခြားသူများကမူ အားကစားပြိုင်ပွဲများသို့ ပြည်ပဧည့်ပရိသတ်များ ဝင်ရောက်ခွင့်မပြုခြင်းကြောင့် ၎င်းတို့အတွက် စေတနာ့ဝန်ထမ်းအဖြစ် ပါဝင်ဆောင်ရွက်ရန် မလိုအပ်တော့၍ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

၂၀၂၀ တိုကျိုအိုလံပစ်အားကစားပွဲ ဖြစ်မြောက်ရေးကော်မတီ အမှုဆောင်အရာရှိချုပ် တိုရှီရို မူတိုက ယခုသီတင်းပတ်အစောပိုင်းတွင် တိုကျိုအိုလံပစ် စေတနာ့ဝန်ထမ်းအဖြစ်မှ လူပေါင်း ၁၀,၀၀၀ ခန့် နုတ်ထွက်သွားခဲ့ကြောင်း ၊ ပြိုင်ပွဲကျင်းပမည့် နေရာများ နှင့် အခြားနေရာများတွင် စေတနာ့ဝန်ထမ်းအဖြစ် လုပ်ကိုင်ရန် လက်မှတ်ရေးထိုးထားသူ ၈၀,၀၀၀ ဦး၏ ၁၀ ရာခိုင်နှုန်းကျော် ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ (Xinhua)

…………………………………………
(English Version)

The total is expected to increase when Tokyo and Saitama Prefecture confirm their numbers, NHK reported.

It said that many withdrew because of concerns about the risk of COVID-19 infections and the others said that they no longer had any reason to participate because overseas spectators were not allowed to enter Japan during the games.

Tokyo 2020 CEO Toshiro Muto revealed earlier this week that about 10,000 people have withdrawn as Tokyo Olympic volunteers, accounting for more than 10 percent of the 80,000 people who signed up to do volunteer work at venues and other locations. Enditem

1.The countdown clock for the Tokyo 2020 Olympic Games is displayed with 50 days to go before the opening ceremony, outside Tokyo Station in Tokyo on June 3, 2021. (Xinhua/Wang Zijiang)
2.Volunteers pose the phrase “1 Year to Go! ” before the one year countdown ceremony of the Tokyo 2020 Olympic Games in Tokyo, Japan on July 22, 2019. (Xinhua/Du Xiaoyi)