Connect with us

Asia

တောင်ဆူဒန်တွင် ကုလ ငြိမ်းချမ်းရေးတပ်ဖွဲ့နှင့် ပူးတွဲတာဝန်ယူစေမည့် ဗီယက်နမ်၏ ပထမဆုံး ရှေ့တန်း စစ်မြေပြင် ဆေးရုံ

ဗီယက်နမ်နိုင်ငံ၏ ရှေ့တန်းစစ်မျက်နှာပြင် ဆေးရုံအတွက် လေ့ကျင့်သင်တန်း သရုပ်ပြနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဟနွိုင်း၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံ၏ ပထမဆုံး ရှေ့တန်းစစ်မျက်နှာပြင် ဆေးရုံအား ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်ဖွဲ့တာဝန် ပူးတွဲကာ တောင်ဆူဒန်တွင် လာမည့်နှစ် အစောပိုင်း၌ တာဝန်ယူစေမည် ဖြစ်ကြောင်း ဗီယက်နမ် ငြိမ်းချမ်းရေးစင်တာက စက်တင်ဘာလ ၂၀ ရက်တွင် ပြောကြားခဲ့သည်။

တပ်ဖြန့်ခြင်း၊ စစ်ဆင်ခြင်း၊ စီမံခန့်ခွဲခြင်း၊ အမိန့်ပေးခြင်းနှင့် ဆေးဘက်ဆိုင်ရာ အခြေအနေများအား ကိုင်တွယ်ခြင်းဆိုင်ရာ စွမ်းဆောင်ရည်များ တိုးတက်စေရန်အတွက် ပြည်ပ ကျွမ်းကျင်သူများ၏ အကူအညီဖြင့် ရှေ့တန်စစ်မျက်နှာပြင် ဆေးရုံ စစ်သားနှင့် အရာရှိ စုစုပေါင်း ၆၉ ဦး အား လက်တွေ့သင်တန်းများ ပေးလျက်ရှိကြောင်း သိရသည်။

၂၀၁၄ ခုနှစ်ကတည်းက ဗီယက်နမ်နိုင်ငံသည် တောင်ဆူဒန်နှင့် Central African Republic စသည့် နိုင်ငံများရှိ ကုလ ငြိမ်းချမ်းရေးတပ်ဖွဲ့ တာဝန်အဖြစ် အရာရှိ ၁၉ ဦးအား စေလွှတ်ထားခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.