Connect with us

Asia

နိုင်ဂျီးရီးယားတွင် ဘတ်စ်ကားတစ်စီး မြစ်ထဲပြုတ်ကျခဲ့၍ လူ ၃ဦးသေ၊ ၄၈ဦး ကယ်ဆယ်နိုင်ခဲ့

မြစ်ထဲပြုတ်ကျခဲ့သည့် နိုင်ဂျီးရီးယားနိုင်ငံက ဇိမ်ခံဘတ်စ်ကားအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

လာဂို့စ်၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ)

နိုင်ဂျီးရီးယားနိုင်ငံ အနောက်တောင်ဘက် Ikoroduမြို့ ရှိ Majidun မြစ်အတွင်းသို့ ဖေဖော်ဝါရီ ၁၇ရက် နံနက်ပိုင်းက ခရီးသည်တင် ဇိမ်ခံဘတ်စ်ကားတစ်စီး ပြုတ်ကျခဲ့ရာ အနည်းဆုံး လူ ၃ဦး သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။

ဘတ်စ်ကားမှ ခရီးသည် ၃ဦး၏ ရုပ်အလောင်းအား ဆယ်ယူပြီးဖြစ်ကြောင်း နှင့် အခြားလူ ၄၈ဦးကို အသက်ရှင်ရက် ကယ်ဆယ်နိုင်ခဲ့ကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဋ္ဌာန (NEMA) ၏ ဒေသတွင်းပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆင်ဟွာသို့ပြောကြားခဲ့သည်။၎င်းက အသက်ရှင်သူ ၉ဦးအား လာဂို့စ်ပြည်နယ် အရေးပေါ်စိတ်ကုသရေးစင်တာသို့ ပို့ဆောင်ပေးထားကြောင်း ပြောကြားခဲ့သည်။

လာဂို့စ်ပြည်နယ် အရေးပေါ်စီမံခန့်ခွဲရေးဋ္ဌာန (LASEMA) ၏ အထွေထွေမန်နေဂျာ Adesina Tiamiyu က ဇိမ်ခံဘတ်စ်ကားသည် ဘရိတ်ပေါက်၍ ထိန်းချုပ်မှုကင်းမဲ့ခဲ့ခြင်းဖြစ်ကြောင်း သတင်းထောက်များအား ပြောကြားခဲ့သည်။အဆိုပါ ဘတ်စ်ကားသည် တောင်ပိုင်း Enugu ပြည်နယ် မှ လာဂို့စ် ပြည်နယ်သို့ မောင်းနှင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117