Connect with us

Asia

နီပေါ နိုင်ငံ တွင် ရေကြီးရေလျှံမှု ဖြစ်ပွားသဖြင့် အနည်းဆုံး လူပေါင်း ၄၀ ဦး သေဆုံး


ခတ္တမန္ဒူ ၊ သြဂုတ် ၁၄ ရက် (ဆင်ဟွာ)

နီပေါ နိုင်ငံ ပြည်ထဲရေး ဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်အရ သြဂုတ်လ ၁၃ ရက်နေ့ ညနေပိုင်းအချိန်ထိ နီပေါ နိုင်ငံ တွင် ဖြစ်ပွား ခဲ့သည့် ရေကြီးရေလျှံမှု နှင့် မြေပြိုမှု များကြောင့် လူပေါင်း အနည်းဆုံး ၄၀ ဦးသေဆုံး ခဲ့ပြီး ၃၆ ဦး ပျောက်ဆုံးနေကာ လူပေါင်း ၂၀ ဒဏ်ရာရရှိပြီး မိသားစု ထောင်နှင့်ချီ၍ နေအိမ်ကို စွန့်ခွာ ခဲ့ရကြောင်း သိရှိရသည်။

ရေဘေးအဆိုးရွားဆုံး ဖြစ်ပွား ခဲ့သည့် ဒေသမှာ မိုရန် ၊ လောတဟာ စသည့် မြေနိမ့်ဒေသ ၈ ခု တို့ဖြစ်ကြပြီး မြစ်ချောင်းအများအပြားမှာ စိုးရိမ်ရေမှတ် သို့ ရောက်ရှိခဲ့သဖြင့် အနီးပတ်ဝန်းကျင်တွင် နေထိုင်သူတို့၏ လုံခြုံရေး ကို ဆိုးရွားစွာ ခြိမ်းခြောက်နေကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန က ပြောကြား ခဲ့သည်။

နီပေါ နိုင်ငံ တွင် ရေကြီးရေလျှံမှု ဖြစ်ပွား နေသည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

နီပေါ နိုင်ငံ တွင် ရေကြီးရေလျှံမှု ဖြစ်ပွား နေသည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

နီပေါ နိုင်ငံ အစိုးရ က ရဲတပ်ဖွဲ့ နှင့် စစ်တပ် ကို ရေဘေးသင့် ဒေသတွင် ကယ်ဆယ်ရေး လုပ်ငန်း ဆောင်ရွက်ရန် စေလွှတ်ပေးခဲ့ကြောင်း ၊ ဒေသအများအပြားရှိ လမ်းများ နှင့် တံတားများ မှ ရေကြီးမှု ကြောင့် ပျက်ဆီးခဲ့သဖြင့် ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်ရန် အတွက် အခက်အခဲ ဖြစ်စေခဲ့ကြောင်း ၊ အချို့ ဒေသများ တွင် ရာသီဥတု အခြေအနေ ဆိုးရွား သောကြောင့် ရဟတ်ယာဉ် အသုံးပြု၍ ကယ်ဆယ်ရေး လုပ်ငန်းဆောင်ရွက်ရန် သွားရောက် နိုင်ခြင်း မရှိကြောင်း သိရှိခဲ့ရသည်။နီပေါ နိုင်ငံ မိုးလေဝသ ဌာန ၏ ခန့်မှန်းချက်အရ နောက်လာမည့် ရက်အနည်းငယ် တွင်လည်း ဆက်လက်၍ မိုးသည်းထန်စွာ ရွာသွန်းနိုင်မည် ဖြစ်ကြောင်း သိရှိခဲ့ရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117