Connect with us

Asia

ဘီယာသောက်သုံးမှု အများဆုံး ကမ္ဘာ့ ၁၀နိုင်ငံတွင် ဗီယက်နမ်နိုင်ငံပါဝင်ကြောင်း အသင်းအဖွဲ့တစ်ခုက ပြောကြား

ဗီယက်နမ်နိုင်ငံထုတ် ဘီယာအချို့အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဟနွိုင်း၊ ဧပြီ ၁၈ ရက် (ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံသည် ၂၀၁၆ နှစ်ကုန်ပိုင်း၌ ကမ္ဘာ့ ဘီယာသောက်သုံးမှု အများဆုံး ထိပ်ဆုံး ၁၀ နိုင်ငံတွင် ပါဝင်လာပြီး တစ်နှစ်ထက်တစ်နှစ် စုစုပေါင်း ဘီယာသောက်သုံးမှု သည် ၁၀ ရာခိုင်နှုန်းပိုမိုများပြားလာကာ ၂၀၁၇ခုနှစ်တွင် ဘီယာလီတာပေါင်း ၄ဘီလီယံ ရှိလာခဲ့ကြောင်း ဗီယက်နမ်နိုင်ငံ ဘီယာ နှင့် အဖျော်ယမကာအသင်းအဖွဲ့က ဧပြီ ၁၈ ရက်တွင် ပြောကြားခဲ့သည်။

၂၀၁၆ခုနှစ်အတွင်း ပြည်တွင်း ဘီယာထုတ်လုပ်သူများသည် ဘီယာလီတာပေါင်း ၃.၇ဘီလီယံအား ဈေးကွက်အတွင်း ထုတ်လုပ်ဖြန့်ချိခဲ့ပြီး ၂၀၁၅ခုနှစ် အလားတူကာလထက် ၉.၃ရာခိုင်နှုန်း များပြားလာခဲ့ကြောင်း ဗီယက်နမ်ရင်းနှီးမြှုပ်နှံမှုပြန်လည်သုံးသပ်ခြင်း (Bao Dau Tu) အွန်လိုင်းသတင်းစာက ဧပြီ ၁၈ ရက်တွင် ဖော်ပြခဲ့သည်။

အကြီးဆုံး ဘီယာထုတ်လုပ်ရေးလုပ်ငန်း Sabecoဘီယာက ဘီယာလီတာပေါင်း ၁.၆ဘီလီယံဖြင့် ယခင်နှစ်ထက် ၇.၄ရာခိုင်နှုန်းတိုးကာထုတ်လုပ်၍ ဈေးကွက်ရှယ်ယာ၏ ထက်ဝက်နီးပါးကို ပိုင်ဆိုင်ထားပြီး ၎င်းနောက်တွင် Habeco ဘီယာ က လီတာပေါင်း ၇၁၇.၄သန်း ဖြင့် ယခင်နှစ်ထက် ၂.၁ရာခိုင်နှုန်းတိုး၍ လည်းကောင်း၊ Heineken နှင့် Carlsberg ဘီယာတို့က လီတာပေါင်း ၁.၄ဘီလီယံဖြင့် ယခင်နှစ်ထက် ၁၅.၇ ရာခိုင်နှုန်းတိုး၍ ထုတ်လုပ်ခဲ့ကြကြောင်း သိရသည်။

နှစ်စဉ် ဘီယာထုတ်လုပ်မှုပမာဏ တိုးတက်လာသော်လည်း ပြည်တွင်းဘီယာထုတ်လုပ်သူများက ၎င်းတို့မျှော်မှန်းထားချက် ၏ ၈၅.၆ရာခိုင်နှုန်းသာ ပြည့်မီခဲ့ကြောင်း ပြောကြားခဲ့သည်ကို အသင်းက ဖော်ပြခဲ့သည်။

စက်မှုလုပ်ငန်းများကြီးထွားမှု နှေးကွေးလာခြင်းသည် အထူးစားသောက်ကုန်ဆိုင်ရာ အခွန်အခများ တိုးမြင့်လာခြင်းကြောင့် ဖြစ်ကြောင်း သတင်းရင်းမြစ်များကပြောကြားခဲ့သည်။ ဗီယက်နမ်နိုင်ငံ အတွင်း အရက်သောက်သုံးမှု ပမာဏကို ကန့်သတ်နိုင်ရန် အစိုးရကြိုးပမ်းမှုတစ်စိတ်တစ်ဒေသအဖြစ် ယင်းအခွန်အခများအား ၂၀၁၆ခုနှစ်တွင် ၅၅ရာခိုင်နှုန်းရှိရာမှ မှ ၂၀၁၇ခုနှစ်အစောပိုင်းတွင် ၆၀ရာခိုင်နှုန်းအထိ တိုးမြှင့်ခဲ့ပြီး ၂၀၁၈ခုနှစ်တွင် ၆၅ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.