Connect with us

Asia

လာအိုတောင်ပိုင်းတွင် ဆည်ကျိုးကျမှုကြောင့် ပျောက်ဆုံးသူ ၁၃၁ဦးရှိလာကြောင်း လာအို ဝန်ကြီးချုပ်ပြောကြား


ဗီယင်ကျန်း၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ)

လာအိုနိုင်ငံဝန်ကြီးချုပ် Thongloun Sisoulith က လာအိုနိုင်ငံ တောင်ပိုင်းတွင် ယခုအပတ်အစောပိုင်းက ဆည်ကျိုးကျမှုကြောင့် လူ ၁၃၁ ဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဇူလိုင် ၂၅ ရက်တွင် ပြောကြားခဲ့သည်။

ဆောက်လုပ်ဆဲ ရေအားလျှပ်စစ်ဆည်ဖြစ်သော Xepian-Xe Nam Noy ဆည်ကျိုးကျမှုကြောင့် လာအိုနိုင်ငံတောင်ပိုင်း Attapeu ပြည်နယ် Sanamxay ခရိုင် ရှိ ရွာ ၇ရွာ ရေလွှမ်းမိုးသွားခဲ့ကြောင်း သိရသည်။

လာအို သတင်းဌာန က ဆည်ကျိုးကျမှုကြောင့် လူ ၂၆ဦးသေဆုံးကြောင်း အတည်ပြုဖော်ပြခဲ့သော်လည်း ဝန်ကြီးချုပ်က သေဆုံးသူ အတိအကျကို ထုတ်ဖော်ပြောကြားခြင်းမရှိကြောင်း သိရသည်။

လာအိုနိုင်ငံတွင် ဆည်ကျိုးကျမှုကြောင့် ရေလွှမ်းမိုးနေသည့် ကျေးရွာများအားတွေ့ရစဉ် (ဆင်ဟွာ)

လာအိုနိုင်ငံတွင် ဆည်ကျိုးကျမှုကြောင့် ရေလွှမ်းမိုးနေသည့် ကျေးရွာများအားတွေ့ရစဉ် (ဆင်ဟွာ)

ဝန်ကြီးချုပ် က ရေမြှုပ်နေသော အိမ်များ နှင့် သစ်ပင်များပေါ်တွင် သောင်တင်နေသော ရွာသားများအားလုံးကို ဘေးလွတ်ရာသို့ ဇူလိုင် ၂၄ ရက်တွင် ရွှေ့ပြောင်းပေးပြီးဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတစ်ခု၌ ပြောကြားခဲ့သည်။

၎င်းက အိမ်ခြေမဲ့ဦးရေသည် ၃,၀၆၀ဦး အထိ မြင့်တက်လာပြီး လူ ၁၃၁ဦး ပျောက်ဆုံးနေကြောင်း၊ ရေလွှမ်းမိုးမှု ဆက်လက်ဖြစ်ပွားနေပြီး အခြားသော ရွာ ၅ရွာ မှ ၆ရွာ သည် ရေလွှမ်းမိုးမှုကို ဆက်လက်ခံစားနေရကြောင်း ပြောကြားခဲ့သည်။

Thongloun က ရေလွှမ်းမိုးမှုဒဏ်ခံရသည့် ကျေးရွာများ မှ ရွာသားများအား အာဏာပိုင်များက အကူအညီများပေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။

ဝန်ကြီးချုပ်က အဆိုပါအခြေအနေအား ကိုင်တွယ်ဆောင်ရွက်ရန် အထူးကော်မတီတစ်ရပ်ကို ဖွဲ့စည်းခဲ့ပြီး သက်ဆိုင်ရာ ဌာနများ နှင့် ပူးပေါင်း၍ ယင်းဖြစ်စဉ်အား စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

၎င်းက ကယ်ဆယ်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ပေးခဲ့သော နိုင်ငံတကာအသိုင်းအဝိုင်းကိုလည်း ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.