Connect with us

Asia

အင်ဒိုနီးရှား လှေတိမ်းမှောက်မှု သုံးရက်ကြာပြီးနောက် လူ ၇၁ ဦး ပျောက်ဆုံးနေဆဲ

အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်း၌ တိမ်းမှောက်ခဲ့သည့် လှေမှ ကယ်ဆယ်ရရှိသူ တစ်ဦးကိုတွေ့ရစဉ် (ဆင်ဟွာ)

ဂျာကာတာ၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ)

လူပေါင်း ၁၁၈ ဦးကို တင်ဆောင်လာခဲ့သော လှေတစ်စီးမှာ အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်း၌ ဒီဇင်ဘာလ ၂၀ ရက်တွင် တိမ်းမှောက်ခဲ့ပြီးနောက် သုံးရက်ကြာသည် အထိ လူ ၇၁ ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဒေသဆိုင်ရာ ကယ်ဆယ်ရေးရုံး က ဒီဇင်ဘာလ ၂၃ ရက်တွင် ပြောကြားခဲ့သည်။

Sulawesi ပြည်နယ် တောင်ပိုင်း ရှာဖွေရေးနှင့် ကယ်ဆယ်ရေး ရုံး အကြီးအကဲ Roki Asikin က ကယ်ဆယ်ရေး သမားများအနေဖြင့် လူပေါင်း ၄၇ ဦးကို ရှာဖွေကယ်ဆယ်ပြီး ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ကယ်ဆယ်နိုင်ခဲ့သူပေါင်း ၄၇ ဦးရှိပြီး အဲဒီထဲက ၇ ဦးက သေဆုံးသွားခဲ့တယ်” ဟု ၎င်းက ဆင်ဟွာသို့ တယ်လီဖုန်း မှ တဆင့်ပြောသည်။

ပျောက်ဆုံးသူများအတွက် ရှာဖွေရေး နှင့် ကယ်ဆယ်ရေး လုပ်ငန်းများအား ဆက်လက် လုပ်ဆောင်မည် ဖြစ် ကြောင်း Roki ကပြောသည်။

တိမ်းမှောက်သွားခဲ့သော KM Marina Baru 02B လှေသည် Sulawesi အရှေ့တောင်ဘက် ကိုလာကာမြို့မှ Sulawesi တောင်ဘက် Siwa ပင်လယ်ဆိပ်ကမ်းမြို့သို့ သွားရောက်နေစဉ် တိမ်းမှောက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ် သည်။

ဒေသခံ ကယ်ဆယ်ရေးသမားများသည် ထို မတော်တဆမှု သတင်းအား ဒီဇင်ဘာလ ၂၀ ရက် ဒေသစံတော် ချိန် နေ့လည် ၃း၁၀ နာရီတွင် ရရှိခဲ့ကြောင်း အမျိုးသား ရှာဖွေရေးနှင့် ကယ်ဆယ်ရေး ရုံး ပြောရေးဆိုခွင့်ရှိသူ Zainul Tjahar က ပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.