Connect with us

Asia

အိန္ဒိယ ရှိ မင်္ဂလာဆောင်တစ်ခုအတွင်း အမျိုးသမီးကချေသည်တစ်စီး အသတ်ခံရ

ကချေသည် အမျိုးသမီး စင်ပေါ်၌သေနတ်ဖြင့် ပစ်ခံရသည် ဗွီဒီယိုဖိုင် မှတ်တမ်းအား တွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ ဒီဇင်ဘာ ၅ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ မြောက်ပိုင်း ပန်ချပ်ပြည်နယ် တွင် ပြုလုပ်ခဲ့သည့် မင်္ဂလာဆောင်တစ်ခု၌ ဧည့်သည်တစ်ဦး က ကချေသည် အမျိုးသမီးတစ်ဦးအား ၎င်း၏ အတူတွဲကရန် ငြင်းဆိုခဲ့သည့်အတွက် သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၄ရက်တွင် ပြောကြားခဲ့သည်။

ပန်ချပ်ပြည်နယ်မြို့တော် Chandigarhမြို့ အနောက်ဘက် ၂၂၅ကီလိုမီတာ အကွာ Bathindaမြို့တွင် ဒီဇင်ဘာ ၃ရက် ညပိုင်းက အသက် ၂၅နှစ်အရွယ် ကချေသည် အမျိုးသမီးအား အနီးကပ် သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။Bathindaမြို့ ရဲအရာရှိတစ်ဦးက ပရော်ဖက်ရှယ်နယ် ကချေသည် Kulwinder Kaur သည် Maur Mandi မြို့နယ်၌ မင်္ဂလာပွဲတစ်ခု ကျင်းပနေစဉ် ဒီဇင်ဘာ ၃ရက်ညက သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း၊ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် တရားခံသည် အခင်းဖြစ်ပွားရာမှ လွတ်မြောက်သွားကာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။ရဲတပ်ဖွဲ့ဝင်များက အဆိုပါပစ်ခတ်မှုအား အမှုဖွင့်ခဲ့ပြီး လူသတ်မှုအား စတင် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။အစီရင်ခံစာများအရ တရားခံသည် အရက်သောက်သုံးထားပြီး Kaur အား သေနတ်ဖြင့် အနီးကပ်ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ပစ်ခတ်မှုဖြစ်ပွားချိန်၌ Kaur သည် ကိုယ်ဝန်နှစ်လလွယ်ထားရပြီး ဝမ်းဗိုက်၌ သေနတ်ထိမှန်ခဲ့ကြောင်း သိရသည်။Kaur ၏ခင်ပွန်းဖြစ်သူက တရားခံသည် ၎င်း၏ ဇနီးအား စင်ပေါ်မှ ဆင်း၍ ၎င်းတို့ နှင့် တွဲကရန် ပြောဆိုခဲ့ရာ Kaurက ငြင်းပယ်ခဲ့သည့် အတွက် သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်ကို ပြည်တွင်းရုပ်သံလိုင်း NDTV က ကိုးကား၍ ဖော်ပြခဲ့သည်။အချို့ သတင်းများအရ ကချေသည်သည် မင်္ဂဆောင်အတွင်း အောင်ပွဲခံပစ်ဖောက်သည့် သေနတ်ကျည်ဆန် ထိမှန်၍သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။သေနတ်ပစ်ခတ်မှုအား ရိုက်ယူထားသည့် ဗွီဒီယိုဖိုင်အရ Kaurသည် သေနတ်ဖြင့် အနီးကပ်ပစ်ခတ်ခံရပြီး စင်ပေါ်မှ လဲကျခဲ့ကြောင်း တွေ့ရှိရပြီး အဆိုပါ ဗွီဒီယိုဖိုင်သည် လူမှုကွန်ရက်များ၌ ပျံ့နှံံ့လျက်ရှိကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117