Connect with us

Environment, Disasters & Accidents

တရုတ် နိုင်ငံ ထျန်းကျင်း မြို့တွင် အန္တရာယ်ရှိ ပစ္စည်းများ သိုလှောင် ထားသည့် ဂိုဒေါင် တစ်ခု ပေါက်ကွဲမှု ဖြစ်ပွား

တရုတ် နိုင်ငံ ထျန်းကျင်း မြို့၌ မီးလောင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် နေရာ အားမြင်တွေ့ရစဉ် (ဆင်ဟွာ)

ထျန်းကျင်း ၊ သြဂုတ် ၁၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ထျန်းကျင်း မြို့ ပင်းဟိုင် မြို့သစ်ရှိ ထျန်းကျင်း အပြည်ပြည်ဆိုင်ရာ ကုန်ပစ္စည်း ပို့ဆောင်ရေး ဆိပ်ကမ်းဝင်း အတွင်းရှိ ပုဂ္ဂလိကပိုင် ရွေ့ဟိုင် ကုမ္ပဏီ၏ အန္တရာယ်ရှိ ပစ္စည်း သိုလှောင်သည့် ဂိုဒေါင်သည် သြဂုတ်လ ၁၂ ရက်ည ၁၁ နာရီ မိနစ် ၂၀ ခန့်တွင် ကြီးမားသည့် ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့ပြီး မီးငြှိမ်းသတ် နေစဉ် အချိန်တွင် ထပ်ဆင့် ပေါက်ကွဲမှု တစ်ခု ထပ်မံ ဖြစ်ပွားခဲ့သည်။

ပေါက်ကွဲမှုကြောင့် ဖြစ်ပွားခဲ့သည့် သေဆုံးဒဏ်ရာ ရသူ စာရင်းကို သြဂုတ်လ ၁၃ ရက် နေ့လည် ၁၂ နာရီ အထိ တွက်ချက်မှု အရ ၄၄ ဦးသေဆုံးခဲ့ပြီး ထိုအတွင်းမှ ၁၂ ဦးမှာ မီးသတ် တပ်ဖွဲ့ဝင်များ ဖြစ်ကြသည်။ ဒဏ်ရာ ရရှိသူ ၅၂၀ ဦးကို ဆေးရုံတွင် ကုသမှု ပြုလုပ်နေပြီး ထိုအတွင်းမှ ၆၆ ဦးမှာ စိုးရိမ်ရသည့် အခြေအနေ ရှိကြောင်း သိရှိ ရသည်။

ပေါက်ကွဲမှုကြောင့် မီးသတ် တပ်ဖွဲ့မှ မီးသတ်ကား ၈ စီ်း ပျက်စီး ခဲ့ရပြီး ၁.၁ ကီလိုမီတာ အကွာအဝေး ရှိ ထျန်းကျင်း တုန်းဟိုင် ရဟတ်ယာဉ် ရပ်နားစခန်း သည်လည်း ပြင်းထန်စွာ ပျက်စီးခဲ့ပြီး ရဟတ်ယာဉ် ၄ စင်းမှာလည်း ပေါက်ကွဲမှုကြောင့် ပျက်စီး ခဲ့ရကြောင်း သိရှိရသည်။ ပြည်ပမှ တင်သွင်းလာသော ကားအသစ် အစီးရေ ၁,၀၀၀ ခန့်လည်း မီးလောင် ပျက်စီး ခဲ့ကြောင်း သိရသည်။

ပေါက်ကွဲမှုကြောင့် ဖြစ်ပွားခဲ့သည့် မီးလောင်မှုသည် ၁၃ ရက်နေ့ မနက် ၃ နာရီ အထိ ဆက်လက် လောင်ကျွမ်း နေခဲ့ပြီး အသေးစား ပေါက်ကွဲမှု များလည်း ဆက်လက် ဖြစ်ပွားနေကြောင်း သိရှိခဲ့ရသည်။ လက်ရှိအချိန်တွင် မီးလောင်မှုအား ထိန်းချုပ်နိုင်ရန် မီးသတ် အင်းအား ၁,၀၀၀ ကျော်ဖြင့် မီးငြှိမ်းမှု များကို ဆောင်ရွက်နေကြောင်း သိရှိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117