Connect with us

Asia

တရုတ်နိုင်ငံ သမ္မတ ဟနွိုင်းမြို့သို့ နိုင်ငံတော်ခရီးစဉ် ရောက်ရှိ

ဗီယက်နမ်နိုင်ငံဟနွိုင်းမြို့သို့ နိုဝင်ဘာ ၁၂ ရက်တွင် နိုင်ငံတော်ခရီးစဉ် ရောက်ရှိလာသည့် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်အားတွေ့ရစဉ် (ဆင်ဟွာ)

ဟနွိုင်း၊ နိုဝင်ဘာ ၁၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ၊ တရုတ်နိုင်ငံကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန် သည် ဗီယက်နမ်နိုင်ငံမြို့တော် ဟနွိုင်းမြို့သို့ နိုဝင်ဘာ ၁၂ရက်တွင် နိုင်ငံတော်ခရီးစဉ် အဖြစ် ရောက်ရှိလာကြောင်း သိရသည်။

ယင်းခရီးစဉ် သည် ရှီအနေဖြင့် ဗီယက်နမ်နိုင်ငံသို့ တရုတ်နိုင်ငံ ခေါင်းဆောင် နှင့် CPC ထိပ်တန်းခေါင်းဆောင်တစ်ဦးအဖြစ် ဒုတိယအကြိမ်မြောက် ရောက်ရှိခဲ့ခြင်းဖြစ်သည်။

ရှီ၏ ဟနွိုင်းမြို့ခရီးစဉ်အတွင်း ၎င်းသည် ဗီယက်နမ်နိုင်ငံ ကွန်မြူနစ်ပါတီ (CPV) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး Nguyen Phu Trong၊ ဗီယက်နမ်နိုင်ငံ သမ္မတ Tran Dai Quang၊ ဗီယက်နမ်နိုင်ငံ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ Nguyen Thi Kim Ngan တို့နှင့် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဗီယက်နမ်ဆိုင်ရာ တရုတ်သံအမတ်ကြီး Hong Xiaoyong က အခြေအနေသစ်များအောက်တွင် နှစ်နိုင်ငံအကြား ဆက်ဆံရေးမြှင့်တင်ရန် နှစ်နိုင်ငံခေါင်းဆောင်များသည် ဆွေးနွေးမှုများကို နက်ရှိုင်းစွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဗီယက်နမ်နိုင်ငံ သည် သမ္မတ ရှီကျင့်ဖိန်၏ အာရှ ၂နိုင်ငံခရီးစဉ်အတွက် ပထမဆုံးခြေလှမ်းဖြစ်ပြီး နိုဝင်ဘာ ၁၃ ရက်တွင် လာအိုနိုင်ငံသို့ ဆက်လက်သွားရောက်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.