Connect with us

Politics, Law & Military

တရုတ်နိုင်ငံက ကာကွယ်ရေးဘတ်ဂျက် တိုးမြှင့်မှုနှုန်းကို ၆.၆ ရာခိုင်နှုန်းအထိ ထပ်မံလျှော့ချ

၀၁၉ ခုနှစ် အောက်တိုဘာ ၁ ရက်တွင် ပြုလုပ်သော တရုတ် ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခြင်း နှစ် ၇၀ ပြည့်အထိမ်းအမှတ် စစ်ရေးပြအခမ်းအနား၌ ပါဝင်ပြသခဲ့သော ဦးဆောင်လေယာဉ်အုပ်စုအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၂၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် ၂၀၂၀ ပြည့်နှစ်တွင် နိုင်ငံ၏ကာကွယ်ရေးဘတ်ဂျက် တိုးမြှင့်မှုနှုန်းကို ၆.၆ ရာခိုင်နှုန်းအထိ လျှော့ချသွားမည် ဖြစ်ကြောင်း မေ ၂၂ ရက်နေ့ ဘတ်ဂျက်အစီရင်ခံစာမူကြမ်းအရ သိရသည်။

၂၀၂၀ ပြည့်နှစ် ကာကွယ်ရေးဘတ်ဂျက်ကို ဂဏန်းတစ်လုံးတည်း ခုဂဏန်းဖြင့် မြင်တွေ့ရသည်မှာ ငါးနှစ်ဆက်တိုက်ဖြစ်ပြီး ယင်းသည် မကြာသေးမီနှစ်များအတွင်း အနိမ့်ဆုံးတိုးမြင့်နှုန်းလည်းဖြစ်သည်။

ယခုနှစ်၏ ကာကွယ်ရေးဘတ်ဂျက်မှာ ယွမ် ၁.၂၇ ထရီလီယံခန့် (အမေရိကန်ဒေါ်လာ ၁၇၉ ဘီလီယံခန့်) ထားရှိမည်ဖြစ်ကြောင်း မေ ၂၂ ရက်တွင် စတင်သော အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) နှစ်ပတ်လည်အစည်းအဝေးအတွင်း ဆွေးနွေးရန်တင်သွင်းထားသည့် မူကြမ်းအရ သိရသည်။ 

တရုတ်နိုင်ငံ၏ ၂၀၁၉ ခုနှစ်အတွင်း စုစုပေါင်း ကာကွယ်ရေးအသုံးစရိတ်သည် ကမ္ဘာ့ကာကွယ်ရေးအသုံးစရိတ် အများဆုံးဖြစ်သော အမေရိကန်နိုင်ငံ၏ လေးပုံတစ်ပုံသာရှိကြောင်း သိရသည်။

တရုတ်နိုင်ငံတွင် “လျှို့ဝှက်စစ်ဘက်အသုံးစရိတ်” မရှိကြောင်း ၁၃ ကြိမ်မြောက် NPC ၏ တတိယမြောက် အစည်းအဝေး ပြောခွင့်ရပုဂ္ဂိုလ် ကျန်းရဲဆွေ့က နိုင်ငံ၏ ကာကွယ်ရေးအသုံးစရိတ်နှင့်ပတ်သက်၍ ပွင့်လင်းမြင်သာမှုရှိကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် တရုတ်နိုင်ငံ၏ ကာကွယ်ရေးအတွက် သုံးစွဲမှုသည် နှစ်ပေါင်းများစွာအတွင်း စုစုပေါင်း ပြည်တွင်း အသားတင်ထုတ်လုပ်မှု၏ ၁.၃ ရာခိုင်နှုန်းခန့်သာ ရှိနေလျက်ရှိကြောင်း၊ ကမ္ဘာ့ ပျမ်းမျှနှုန်း ၂.၆ ရာခိုင်နှုန်းအောက်တွင်သာ ရှိကြောင်း NPC နှစ်ပတ်လည်အစည်းအဝေးအတွက် ပြုလုပ်သော အကြိုသတင်းစာရှင်းလင်းပွဲ၌ ကျန်းက ပြောကြားခဲ့သည်။  (Xinhua) 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117