Connect with us

Asia

ထောင်ပေါင်းများစွာသော ရှားပါးလိပ်များအား ရှန်ဟိုင်းတွင် ဖမ်းမိ

မှောင်ခိုတင်သွင်းလာသည့် ရှားပါးလိပ်များအားတွေ့ရစဉ် (ဆင်ဟွာ)

ရှန်ဟိုင်း၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ)

ရှန်ဟိုင်းမြို့ အကောက်ခွန်ဌာန က လွန့်ခဲ့သည့်နှစ်၏ နိုဝင်ဘာလ တွင် မျိုးတုန်းမည့် အန္တရာယ် ရှိနေသည့် လိပ်အကောင်ရေ ၂၀၀၀ ကျော်ကို ဖမ်းဆီးရမိခဲ့ပြီး အဆိုပါ ဖြစ်စဉ်သည် ရှန်ဟိုင်းမြို့တွင် အကြီးဆုံးသော တရားမဝင် လိပ် မှောင်ခိုသွင်းမှု တစ်ရပ်ဖြစ်ကြောင်း ဇန်နဝါရီလ ၃၁ရက်နေ့ကပြောကြားခဲ့သည်။

အကောက်ခွန်အာဏာပိုင်များက ၂၀၁၅ခုနှစ် နိုဝင်ဘာလ ၁၉ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံ မှ ဂဏန်းသယ်သည့် ကွန်တိန်နာ ခြောက်လုံးတွင် ခိုးဝှက် သယ်ဆောင်လာသည့် ရှားပါးလိပ်အရှင်များအား ရှာဖွေတွေ့ရှိခဲ့ပြီး အဆိုပါ ကွန်တိန်နာများသည် ရှန်ဟိုင်း ကုမ္ပဏီတစ်ခုမှ ဖြစ်ကြောင်း သိရှိရသည်။

သယ်ဆောင်လာသည့် လိပ်အများစုသည် မျိုးတုန်းမည့် အန္တရာယ်နှင့် ကြုံတွေ့နေရသည့် မျိုးစိတ်များဖြစ်ကြောင်း သိရသည်။

ယခုအခါတွင် ၎င်းတို့အား ဒေသခံ တိရစ္ဆာန်ရုံသို့ ပို့ဆောင်ထားကြောင်း အာဏာပိုင်များက ဆိုသည်။အကောက်ခွန်ဌာနက စုံစမ်းစစ်ဆေးမှု များအား ဆက်လက်လုပ်ဆောင်ဆဲဖြစ်ကြောင်းသာ ပြောကြားခဲ့ပြီး အသေးစိတ်အချက်အလက်များကို ပြောကြားခြင်းမရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.