Connect with us

Asia

အာဖဂန်ခေါင်းဆောင် အဗ္ဗဒူလာ အိန္ဒိယသို့ ရောက်ရှိ

အာဖဂန်နစ္စတန် သမ္မတ၏ အမှုဆောင်အရာရှိချုပ် အဗ္ဗဒူလာ အဗ္ဗဒူလာနှင့် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရန်ဒြာ မိုဒီ တို့အား ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန် သမ္မတ၏ အမှုဆောင်အရာရှိချုပ် အဗ္ဗဒူလာ အဗ္ဗဒူလာသည် ငါးရက်တာ ချစ်ကြည်ရေး ခရီးစဉ်အဖြစ် အိန္ဒိယနိုင်ငံသို့ ဇန်နဝါရီလ ၃၁ ရက်က ရောက်ရှိခဲ့ကြောင်း သိရသည်။

ခရီးစဉ်အတွင်း အာဖဂန်ခေါင်းဆောင်သည် အိန္ဒိယခေါင်းဆောင်ပိုင်းများနှင့် တွေ့ဆုံကာ နှစ်နိုင်ငံ ကိစ္စရေးရာ များ ဆွေးနွေးမည် ဖြစ်ကြောင်း တရားဝင် ပြောကြားခဲ့သည်။

ပြည်ပဆက်ဆံရေးရာ ဝန်ကြီးဋ္ဌာန ထုတ်ပြန်ချက်အရ အာဖဂန်ခေါင်းဆောင်သည် အိန္ဒိယ ဝန်ကြီးချုပ် နာရန်ဒြာ မိုဒီနှင့် ပြည်ပရေးရာဝန်ကြီး ဆက်ရှ်မာ ဆဝါရက်ဂျ်က တို့နှင့် ဖေဖော်ဝါရီလ ၁ ရက်တွင် တွေ့ဆုံမည် ဖြစ် ကြောင်း ဖော်ပြထားသည်။

အင်္ဂါနေ့တွင် Jaipur မြို့၌ ပြုလုပ်မည့် အကြမ်းဖက်မှု တိုက်ဖျက်ရေး ညီလာခံသို့ တက်ရောက်မည် ဖြစ်ပြီး ညီလာခံ တက်ရောက်လာသူများအား ၎င်း၏ အာဖဂန် အတွေ့အကြုံအား ဝေမျှရန် မျှော်လင့်ထားကြသည်။

ယင်းညီလာခံအား အိန္ဒိယနိုင်ငံ အမျိုးသားလုံခြုံရေး အကြံပေး အာဂျစ် ဒိုဇယ်၏ သား Shaurya Doval ဦးဆောင်သည့် အိန္ဒိယ ဖောင်ဒေးရှင်းက ဦးစီး လုပ်ဆောင်ခြင်း ဖြစ်ကြောင်း India Express သတင်းစာက ဖော်ပြထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.