Connect with us

Asia

နတ်ရွာစံ ဘုရင်ကြီးအား ဂုဏ်ပြု၍ တော်ဝင် နိုင်ငံတော် သီချင်းအား သီဆိုရန် ထိုင်းပြည်သူများ စုဝေး

ဘန်ကောက်မြို့ရှိ Sanam Luang ၌ စုဝေးနေကြသည့် ထောင်ပေါင်းများစွာသော ထိုင်းပြည်သူများအား တွေ့ရစဉ် (ဆင်ဟွာ)

ဘန်ကောက်၊ အောက်တိုဘာ ၂၃ ရက် (ဆင်ဟွာ)

နတ်ရွာစံသွားပြီ ဖြစ်သော ထိုင်း ဘုရင် ဘူမီဘော အဒူယာဒတ်အား ဂုဏ်ပြု သီဆိုရန်အတွက် ထိုင်းပြည်သူ အများအပြားသည် ရုပ်ကလာပ်တော်ထားရှိရာ ဘန်ကောက် တော်ဝင်နန်းတော်ပြင်ပ၌ အောက်တိုဘာလ ၂၂ ရက်က စုဝေးရောက်ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ မြင်ကွင်းအား တေးဂီတ ဗီဒီယို တစ်ခုအဖြစ် မှတ်တမ်းတင်ခဲ့သည်။

ဒေသစံတော်ချိန် ည ၁၀း၀၀ နာရီအချိန်က အနက်ရောင် ဝတ်စုံများ ဝတ်ဆင်ထားသည့် ထောင်ပေါင်းများစွာသော ထိုင်းပြည်သူများက တော်ဝင်နန်းတော် အရှေ့ဘက်ရှိ အများပြည်သူနေရာဖြစ်သော Sanam Luang ၌ စုဝေးကာ ဖယောင်းတိုင်များ ကိုင်ဆောင်ကာ တော်ဝင် နိုင်ငံတော် သီချင်း ဖြစ်သော Sansoen Phra Barami အား သုံးကြိမ်တိုင်တိုင် သီဆိုခဲ့သည်။

ထိုသို့ ဂုဏ်ပြုသီချင်း သီဆိုခြင်း ဓာတ်ပုံများသည် လူမှုမီဒီယာပေါ်တွင် ပျံ့နှံ့ခဲ့ပြီး သမိုင်းဝင် ဖြစ်ရပ်အဖြစ် ထိုင်းမီဒီယာများက ဖော်ပြခဲ့သည်။

ပျမ်းမျှ လူဦးရေ ၁၅၀,၀၀၀ ကျော် ပြည်သူများကလည်း နေ့လည် ၁း၀၀ နာရီမှ ၅း၀၀ နာရီအထိ နိုင်ငံတော် သီချင်း သီဆိုရန် စုဝေးနေခဲ့ကြောင်း သိရသည်။

ယခုလို ဂုဏ်ပြု သီချင်းသီဆိုရန်အတွက် ရုပ်ရှင်ထုတ်လုပ်သူ ချက်ထရီချယ်လမ် ယုကိုလ်နှင့် တေးရေးဆရာ ဆုမ်တိုး စူချရီကူလ်တို့က ပူးတွဲလုပ်ဆောင်ခဲ့ကြောင်း၊ ယင်း ဖြစ်ရပ်အား လာမည့် ရက်သတ္တပတ်အတွင် ရုပ်ရှင်ရုံများ၌ ပြသနိုင်ရန် မျှော်လင့်ထားကြောင်း ဘန်ကောက်ပို့စ်၌ ဖော်ပြထားသည်။

ရာစုနှစ် ၇ ခုခန့် နန်းစံပြီးနောက် ထိုင်း ဘုရင် ဘူမီဘောသည် အောက်တိုဘာလ ၁၃ ရက်၌ ကံတော်ကုန်ခဲ့သည်။ ကြေကွဲဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် တစ်နှစ်တိတိ သတ်မှတ်လိုက်ကြောင်း ထိုင်း အစိုးရက အောက်တိုဘာလ ၁၄ ရက် ကြေညာထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.