Connect with us

Asia

ကွယ်လွန်ပြီး ထိုင်းဘုရင် ရုပ်ကလာပ်အား ဂါရဝပြုရန် စင်ကာပူသမ္မတ ထိုင်းနိုင်ငံသို့ သွားမည်

စင်ကာပူသမ္မတ တိုနီတန် ကန်ယမ်အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

စင်ကာပူ၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ)

စင်ကာပူသမ္မတ တိုနီတန် ကန်ယမ် သည် ထိုင်းနိုင်ငံ တော်ဝင်နန်းတော်တွင် ပူဇော်ထားသော ကံတော်ကုန်ခဲ့သည့် ထိုင်းဘုရင် ဘူမိဘောလ် အဒူလျာဒတ်၏ ရုပ်ကလာပ်အား ဂါရဝပြုရန် ဘန်ကောက်မြို့သို့ အောက်တိုဘာ ၂၄ရက်တွင် သွားရောက်မည်ဖြစ်ကြောင်း စင်ကာပူနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန (MFA) က အောက်တိုဘာ ၂၃ရက်တွင် ထုတ်ပြန်ခဲ့သည်။

ဝန်ကြီးဋ္ဌာနက ခရီးစဉ်အတွင်း တန် နှင့်အတူ ဇနီးဖြစ်သူ မယ်ရီတန် နှင့် နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန (MFA)မှ တာဝန်ရှိသူများ လိုက်ပါသွားမည်ဖြစ်ပြီး သမ္မတ ဘန်ကောက်သို့ရောက်ရှိနေစဉ်အတွင်း သမ္မတ အကြံပေးကောင်စီ ဥက္ကဋ္ဌ J Y Pillay က သမ္မတရုံးတာဝန်များအား ယာယီထမ်းဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

သက်တော် ၈၈နှစ်ရှိပြီဖြစ်သော ထိုင်းဘုရင် ဘူမိဘောလ်သည် အောက်တိုဘာ ၁၃ ရက်တွင် ကံတော်ကုန်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.