Connect with us

Asia

ပထမဆုံးအကြိမ် ရုံးချိန်းအား ၉ မိနစ်သာ ကြာမြင့်၊ တောင်ကိုရီးယား သမ္မတ လာရောက်ခြင်းမရှိ

စွပ်စွဲခံထားရသည့် တောင်ကိုရီးယား သမ္မတ ပက်ဂွမ်ဟေးအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဆိုးလ်၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ)

တောင်ကိုရီးယား သမ္မတ ပက်ဂွမ်ဟေးအား စွပ်စွဲ ပြစ်တင်ထားသည့် အမှုအား ပထမဆုံးအကြိမ် ကြားနာခြင်းကို ဇန်နဝါရီလ ၃ ရက်တွင် ပြုလုပ်ခဲ့ပြီး ၉ မိနစ်ခန့်သာ ကြာမြင့်ခဲ့ကာ ပက်က တက်ရောက်ခဲ့ခြင်း မရှိပေ။

ပထမဆုံးအကြိမ် ကြားနာခြင်းအား ဒေသစံတော်ချိန် ညနေ ၂း၀၀ နာရီအချိန်တွင် ပြုလုပ်ခဲ့ပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေ တရားရုံး၌ လာရောက်ထွက်ဆိုရန် သမ္မတ ပက်က ငြင်းဆန်သည့်အတွက် နေ့လည် ၂း၀၉ နာရီအချိန်တွင် ပြီးဆုံးခဲ့ကြောင်း ဒေသခံ မီဒီယာက သတင်းတင်ပြထားသည်။

ဒုတိယအကြိမ် ကြားနာခြင်းကို ဇန်နဝါရီလ ၅ ရက်တွင် လည်းကောင်း၊ တတိယအကြိမ်ကို လာမည့် အင်္ဂ ါနေ့ (ဇန်နဝါရီလ ၁၀ ရက်) တွင်လည်းကောင်း ပြုလုပ်ရန် လျာထားကြောင်း သိရသည်။

ဥပဒေကြောင်းအရ စွပ်စွဲခံရသူက တက်ရောက်ရန် ငြင်းဆန်ခဲ့သော်လည်း တရားရုံးအနေဖြင့် ဥပဒေဆိုင်ရာ လုပ်ငန်းစဉ်များအား ဆက်လက် ဆောင်ရွက်နိုင်မည် ဖြစ်သည်။

ဇန်နဝါရီလ ၅ ရက်တွင် ပြုလုပ်မည့် ကြားနာခြင်းအား သမ္မတ ပက်၏ ကာလရှည် ယုံကြည်ခဲ့ရသူ Choi Soon-sil နှင့် အဆင့်မြင့် အကြံပေး နှစ်ဦးနှင့် သမ္မတ၏ ကိုယ်ရေးအရာရှိဟောင်း လေးဦးက လာရောက် သက်သေခံမည် ဖြစ်ပြီး လာမည့် တတိယအကြိမ် ကြားနာခြင်းအတွက်လည်း ၎င်းတို့အား ဆက်လက် ဆင့်ခေါ်သွားမည် ဖြစ်သည်။

ပထမဆုံးအကြိမ် အမှု ကြားနာခြင်းတွင် တရားသူကြီး ၉ ဦး၊ အမျိုးသား လွှတ်တော် သမ္မတအား စွပ်စွဲ ပြစ်တင်ခြင်းဆိုင်ရာ ကော်မတီ ဥပဒေပြဋ္ဌာန်းသူ ၃ ဦးနှင့် သမ္မတ ပက်ဘက်မှ ခုခံချေပမည့်သူ ၉ ဦး တက်ရောက်ခဲ့ကြသည်။

သမ္မတက ပက်သည် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၉ ရက်က ဥပဒေပြု လွှတ်တော်၌ တရားစွဲခံထားရခြင်း ဖြစ်ပြီး လက်ရှိတွင် ဝန်ကြီးချုပ် Hwang Kyo-ahn က ယာယီ သမ္မတအဖြစ် တာဝန်ထမ်ဆောင်နေခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.