Connect with us

Asia

ဒါကာဈေးရှိ ဆိုင်ခန်း ရာပေါင်းများစွာ မီးလောင်ကျွမ်း

မီးလောင်ကျွမ်းမှုအား ဝိုင်းဝန်းငြှိမ်းသတ်နေခြင်းအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဒါကာ၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာအတွင်းရှိ Gulshan သံတမန် နယ်မြေအတွင်းရှိ ဈေးတစ်ခု၌ ယနေ့ (ဇန်နဝါရီလ ၃ ရက်) အစောပိုင်းက မီးလောင်ကျွမ်းခဲ့ရာ ဆိုင်ခန်း ရာပေါင်းများစွာ မီးလောင်ကျွမ်းခဲ့ကြောင်း မီးသတ်သမား တစ်ဦးက ပြောသည်။

ဒေသစံတော်ချိန် နံနက် ၂း၃၀ နာရီမှ မီးလောင်ကျွမ်းခဲ့ပြီး နံနက် ၈း၃၀ နာရီ အချိန်တွင် မီးထိန်းနိုင်ခဲ့ကြောင်း အမည်မဖော်လိုသူ ယင်း မီးသတ်သမားကပင် ပြောကြားခဲ့သည်။

အဆိုပါ မီးလောင်ကျွမ်းမှုအား ယူနစ် ၂၁ ခုမှ မီးသတ်သမားများ လာရောက် ငြှိမ်းသတ်ခဲ့ကြပြီး Gulshan1 DCCI ဈေးအတွင်းရှိ အဆောက်အအုံ နှစ်ခု ပြိုကျခဲ့ကြောင်း၊ အခြား ပျက်စီး ဆုံးရှုံးသည့် စာရင်း ထုတ်ပြန်ထားခြင်း မရှိသေးကြောင်းနှင့် မီးလောင်ကျွမ်းရသည့် အကြောင်းရင်းအား အတိအကျ စုံစမ်းနေကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.