Connect with us

Asia

ပန်မွန်ဂျုံ၌ တောင်ကိုရီးယား နှင့် မြောက်ကိုရီးယား အဆင့်မြင့်ကိုယ်စားလှယ်အဆင့် ဆွေးနွေးပွဲ စတင်

ဆွေးနွေးပွဲပြီးနောက် တောင်ကိုရီးယားနိုင်ငံ ကိုရီးယားနှစ်နိုင်ငံပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနဝန်ကြီး Cho Myoung-gyon က သတင်းသမားများအား ဖြေကြားနေစဉ်(ဆင်ဟွာ)

ဆိုးလ် ၊ ဇန်နဝါရီ ၉ ရက်(ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံ နှင့် မြောက်ကိုရီးယားနိုင်ငံ အဆင့်မြင့်ကိုယ်စားလှယ်အဆင့် နှစ်နိုင်ငံအစိုးရအကြား ဆွေးနွေးပွဲကို နယ်စပ်ရွာလေး ပန်မွန်ဂျုံရွာ (Panmunjom)၌ ယနေ့( ဇန်နဝါရီ ၉ ရက်) တွင် စတင်ကျင်းပခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံ၏ ကိုရီးယားနှစ်နိုင်ငံ ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနဝန်ကြီး Cho Myoung-gyon ဦးဆောင်သော အဖွဲ့ဝင် ၅ ပါ တောင်ကိုးရီးယား ကိုယ်စားလှယ်အဖွဲ့ နှင့် အဖမြေငြိမ်းချမ်းစွာပြန်လည်ပေါင်းစည်းရေးကော်မတီအဖွဲ့ဥက္ကဋ္ဌ Ri Son-gwon ဦးဆောင်သော အဖွဲ့ဝင် ၅ ဦးပါ မြောက်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့တို့သည် ဒေသစံတော်ချိန် နံနက် ၁ဝ နာရီတွင် နှစ်ဖက် ဆွေးနွေးပွဲကို စတင်ခဲ့ကြောင်း သိရသည်။

မြောက်ကိုရီးယားကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်က တောင်ကိုရီးယားနှင့်ဆွေးနွေးပွဲတွင် “ အဖိုးတန်သော ရလဒ်များ ရရှိရန်” မျှော်လင့်ထားကြောင်း ပြောကြားခဲ့သည်ဟု Yohap တောင်ကိုရီးယားသတင်းအေဂျင်စီက သတင်းဖော်ပြခဲ့သည်။

ဆွေးနွေးပွဲခန်းမမှ မထွက်ခွာမီ တောင်ကိုရီးယားနိုင်ငံကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်က သတင်းသမားများအားဖြေကြားရာတွင် “ အေးအေးဆေးဆေးပါပဲ။ အလျင်မလိုပါဘူး” ဟု ပြောကြားခဲ့ပြီး ၂၀၁၈ ခုနှစ်ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲမှာ ငြိမ်းချမ်းရေးပွဲတော်တစ်ခုဖြစ်ကြောင်း နှင့် ကိုရီးယားနှစ်နိုင်ငံဆက်ဆံရေး တိုးတက်စေရန် ပထမခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တောင်ကိုရီးယားနိုင်ငံကိုယ်စားလှယ်အဖွဲ့သည် အစောင့်အကြပ်များထူထပ်စွာချထားသည့် ကိုရီးယားနှစ်နိုင်ငံနယ်စပ်ဂိတ် ပန်မွန်ဂျူံရွာရှိ ငြိမ်းချမ်းရေးအိမ်တော်သို့ဒေသစံတော်ချိန် နံနက် ၈ နာရီ ၄၆ မိနစ်တွင် ရောက်ရှိခဲ့ကြောင်း သိရသည်။

မြောက်ကိုရီးယားနိုင်ငံကိုယ်စားလှယ်အဖွဲ့သည် စစ်တပ်ချထားမှု နယ်နိမိတ်မျဉ်း( MDL ) ကိုဖြတ်ကျော်၍ ဒေသစံတော်ချိန် နံနက် ၉ နာရီခွဲခန့်တွင် ငြိမ်းချမ်းရေးအိမ်တော်အနီးသို့ရောက်ရှိခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.