Connect with us

Asia

ပါကစ္စတန်နိုင်ငံ၏ ရာဝါလ်ပင်ဒီ တပ်မြို့တွင် ပေါက်ကွဲမှုဖြစ်ပွားရာ လူ ၂၅ ဦးဒဏ်ရာရ

ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည်နယ် Rawalpindi မြို့တွင် ဒီဇင်ဘာ ၁၃ ရက်က ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ရဲတပ်ဖွဲ့က လုံခြုံရေးဆောင်ရွက်နေစဉ်(ဆင်ဟွာ)

အစ္စလာမ်မာဘတ်၊ဒီဇင်ဘာ၁၄ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ်

ပါကစ္စတန်နိုင်ငံ အစ္စလာမ်မာဘတ်မြို့တော်အနီး Rawalpindi ခရိုင် ရာဝါလ်ပင်ဒီ တပ်မြို့လယ်ခေါင်ရှိ ဈေးတစ်ခုတွင် ဒီဇင်ဘာ ၁၃ ရက်က ကြီးမားသော ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူပေါင်း ၂၅ ဦးထက် မနည်းထိခိုက်ဒဏ်ရာရခဲ့ကြောင်း ကယ်ဆယ်ရေးအရာရှိများ နှင့် ရဲတပ်ဖွဲ့၏ ပြောကြားချက် အရ သိရသည်။

ဒဏ်ရာရသူ ၂၂ ဦးအား ဒေသတွင်း ဆေးရုံတစ်ခုသို့ပို့ဆောင်ပေးခဲ့ပြီး အခြားဒဏ်ရာရသူသုံးဦးကိုမူ အခင်းဖြစ်ပွားရာ နိုင်ငံအရှေ့ပိုင်း ပန်ဂျပ်ပြည်နယ် ရာဝါလ်ပင်ဒီမြို့(Rawalpindi)တွင် ရှေးဦးသူနာပြုစုနည်းဖြင့် ကုသပေးပြီးနောက် အိမ်ပြန်လွှတ် ပေးလိုက်ကြောင်း ကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက သတင်းမီဒီယာသို့ ဖြေကြားခဲ့သည်။

 ဒဏ်ရာရသူများအနက် အချို့မှာ စိုးရိမ်ဖွယ်အခြေအနေတွင်ရှိနေပြီး ၎င်းတို့အား ဆေးရုံတစ်ခုသို့ပြောင်းရွှေ့ပေးခဲ့ရကြောင်း ကယ်ဆယ်ရေးအရာရှိက ဖြည့်စွက်ပြောကြားခဲ့သည်။ရာဝါလ်ပင်ဒီမြို့ရဲအရာ Mohammad Ahsan Younas က သတင်းမီဒီယာများအားပြောကြားရာတွင် ဖောက်ခွဲရေးပစ္စည်းကို ကုန်တွန်းလှည်းတစ်ခုအောက်တွင် တပ်ဆင်ထားခဲ့ကြောင်း ၊ ရဲစခန်းတစ်ခုအနီးတွင် တည်ရှိသော လူစည်ကားသည့် Ganj Mandi ဈေးကြီးတွင် ဖောက်ခွဲခဲ့ကြောင်း နှင်း ယင်းနေရာသည် စစ်ဌာနချုပ်များနှင့် ၂ ကီလိုမီတာခန့်သာ ကွာဝေးကြောင်း ဆိုသည်။

ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ ၊ ရဲတပ်ဖွဲ့နှင့်လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အခင်းဖြစ်နေရာသို့ ချက်ချင်းရောက်ရှိလာခဲ့ပြီး ဒဏ်ရာရသူများအား နီးစပ်ရာဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ယင်းဖောက်ခွဲတိုက်ခိုက်မှုနှင့်ပတ်သက်၍ မည်သည့် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက် သို့မဟုတ် အဖွဲ့အစည်းကမျှ ၎င်းတို့၏လက်ချက်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားထားခြင်းမရှိပေ။

ယင်းတိုက်ခိုက်မှုသည် မြို့တော်၌ ၁ဝ ရက်အတွင်း ရဲစခန်းတစ်ခုအနီး ဒုတိယအကြိမ်မြောက် တိုက်ခိုက်မှုတစ်ခုဖြစ်ကြောင်း ရဲအရာရှိက ဆိုသည်။ ပြီးခဲ့သော ဒီဇင်ဘာ ၄ ရက် အစောပိုင်းက Pir Wadhai ရဲစခန်းအနီးတွင်ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားရာ လူတစ်ဦးသေဆုံးပြီး အခြား ခုနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

ယင်းမြို့တွင် အကြမ်းဖက်တိုက်ခိုက်မှု အချို့ဖြစ်ပေါ်လာနိုင်သည်နှင့်ပတ်သက်၍ ရဲထောက်လှမ်းရေးတပ်ဖွဲ့က ကြိုတင် သတင်းပေးပို့ထားခဲ့ပြီးဖြစ်ကြောင်း ရဲအရာရှိက ပြောကြားခဲ့ပြီး ပစ်မှုကျူးလွန်သူများအား ဖမ်းဆီးနိုင်ရန် ရဲတပ်ဖွဲ့အနေဖြင့် အချို့အရေးကြီးသော အချက်အလက်များကို စုံစမ်းသိရှိထားပြီးဖြစ်ကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။(Xinhua)

——————————-

(English Version)

25 injured in blast in Pakistan’s garrison city Rawalpindi

ISLAMABAD, Dec. 14 (Xinhua) — A blast hit a market area in the downtown of Pakistan’s garrison city of Rawalpindi neighboring the country’s capital Islamabad on Sunday, leaving at least 25 people injured, rescue officials and police said.

Personnel of a rescue team told media that they shifted 22 injured to a local hospital while discharged three others after providing them first aid at the site in Rawalpindi, a city in the country’s eastern Punjab province.

A couple of wounded persons were in critical condition when they were shifted to the hospital, the rescue official added.
City Police Officer of Rawalpindi Mohammad Ahsan Younas told media that an improvised explosive device was planted under a cart, which exploded in the busy Ganj Mandi market near a police station roughly two kilometers away from the military headquarters.

Rescue teams, police and security forces rushed to the site and shifted the injured to a nearby hospital.
No group or individual has claimed the attack yet.

The police officer said that it was the second attack near a police station during the last 10 days in the city. Earlier on Dec. 4, one person was killed and seven others were injured in a blast by an improvised explosive device near Pir Wadhai police station.

The police officer added that police intelligence had already reported some possible terrorist attack in the city, adding that the police has obtained some important progress in the investigation, which would help to arrest the culprits.

Photos caption- Policemen inspect the blast site in Rawalpindi district of Punjab province, Pakistan, Dec. 13, 2020. (Xinhua/Ahmad Kamal)