Connect with us

Asia

ဖိလစ်ပိုင် နိုင်ငံ ဈေးဝယ်စင်တာ၌ သေနတ်သမားက ဓားစာခံများ ဖမ်းဆီးထား ၊ လူတစ်ဦး ထိခိုက်ဒဏ်ရာရ

ဖိလစ်ပိုင် နိုင်ငံ ရဲတပ်ဖွဲ့ဝင်များအား ၂၀၁၉ ခုနှစ်တွင် ပြုလုပ်ခဲ့သော လေ့ကျင့်ရေး တစ်ခု၌ တွေ့ရစဉ်(ဆင်ဟွာ)

မနီလာ ၊ မတ် ၂ ရက်(ဆင်ဟွာ) 

ဖိလစ်ပိုင် နိုင်ငံ မနီလာမြို့တော် ဆန်ဂျူအန်(San Juan)ရှိ ဈေးဝယ်စင်တာ တစ်ခု၌ သေနတ်သမား တစ်ဦးက ဓားစာခံ အယောက် ၃၀ ခန့်အား ဖမ်းဆီးထားပြီး ယင်းတို့အနက် တစ်ဦးမှာ သေနတ်ဒဏ်ရာရထားကြောင်း အစိုးရ တာဝန်ရှိသူ တစ်ဦးက ယနေ့ မတ် ၂ ရက်တွင် ပြောကြားခဲ့သည်။

San Juan မြို့တော်ဝန် Francis Zamora က V-Mall ဈေးဝယ်စင်တာ၏ ယခင် လုံခြုံရေး အစောင့် လုပ်ခဲ့သူ တစ်ဦးသည် သေနတ် ပစ်ဖောက်၍ ဈေးဝယ်စင်တာ အတွင်း လုပ်ကိုင်နေသည့် ဝန်ထမ်း ၃၀ ဦးအား ဓားစာခံ အဖြစ် ဖမ်းဆီးထားကြောင်း ပြောကြားခဲ့သည်။“လက်ရှိမှာတော့ ဓားစာခံ ဖမ်းဆီးထားတဲ့ သေနတ်သမားနဲ့ ညှိနှိုင်းမှုတွေ လုပ်နေပါတယ်။”ဟု San Juan မြို့တော်ဝန်က ပြောကြားခဲ့သည်။

အဆိုပါ သေနတ်သမား၏ ပစ်ခတ်မှုကြောင့် လူတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ၎င်းအား နီးစပ်ရာ ဆေးရုံသို့ ပို့ဆောင်ထားကြောင်း မြို့တော်ဝန်က ပြောကြားခဲ့သည်။ကနဦး သတင်းဖော်ပြချက်များ အရ ယင်းဖြစ်စဉ်သည် ဒေသစံတော်ချိန် နံနက် ၁၀ နာရီ ဝန်းကျင်၌ ဖြစ်ပွားခဲ့ပြီး ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်ကြောင်း ၊ ယင်းဈေးဝယ်စင်တာ အတွင်းသို့ ဝင်ရောက်ခြင်းအား ပိတ်ပင်ထားပြီး ရဲတပ်ဖွဲ့ဝင်များက ဈေးဝယ်သူများအား ဈေးဝယ်စင်တာမှ ထွက်ခွာသွားကြရန် ပြောကြားထားကြောင်း သိရသည်။ (Xinhua) 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.