Connect with us

Asia

မြောက်ကိုရီးယားနိုင်ငံက အရှေ့ဘက်ကမ်းရိုးတန်း၌ အမျိုးအမည်မသိပဲ့ထိန်းဒုံးစမ်းသပ်ပစ်လွှတ်ကြောင်း တောင်ကိုရီးယားပြော

မြောက်ကိုရီးယားနိုင်ငံက တာဝေးပစ်ဒုံးကျည်စမ်းသပ်ပစ်လွှတ်စဉ်(ဆင်ဟွာ)

ဆိုလ်း၊အောက်တိုဘာ ၂ရက်(ဆင်ဟွာ)

မြောက်ကိုရီးယားနိုင်ငံ(DPRK)က ယနေ့အောက်တိုဘာ ၂ရက်နံနက်ပိုင်းတွင် ၎င်းတို့၏ အရှေ့ဘက်ကမ်းရိုးတန်း၌အမျိုးအမည်မသိပဲ့ထိန်းဒုံးကျည်တစ်စင်းကို စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံပူးတွဲစစ်ဉီးစီးချုပ်(JCS)၏ ပြောကြားချက်အရသိရသည်။

အဆိုပါအမျိုးအမည်မသိပဲ့ထိန်းဒုံးကို ဒေသစံတော်ချိန် နံနက် ၇နာရီ၁၁မိနစ်ခန့်တွင် မြောက်ကိုရီးယားနိုင်ငံကမ်းရိုးတန်းမြို့ဖြစ်သော Wonsan မြို့၏ အရှေ့မြောက်ရေပြင်မှ အရှေ့ဘက်သို့ဉီးတည်၍ ပစ်လွှတ်ခဲ့ခြင်းဖြစ်ကြောင်း JCS ထုတ်ပြန်ချက်တစ်စောင်တွင် ဖော်ပြထားသည်။

ယင်းပဲ့ထိန်းဒုံးမှာ ရေငုပ်သင်္ဘော မှပစ်လွှတ်ရသည့် Pukkuksong အမျိုးအစား ပဲ့ထိန်းဒုံးကျည်တစ်စင်းဖြစ်ဖွယ်ရှိကြောင်းခန့်မှန်းထားသည်/

၎င်းဒုံးကျည်သည် အမြင့် ၉၁၀ ကီလိုမီတာတွင် အကွာအဝေး ၄၅၀ ကီလိုမီတာအထိရောက်ရှိခဲ့ကြောင်း၊အမေရိကန်နှင့်တောင်ကိုရီးယားအာဏာပိုင်များက အသေးစိတ်အချက်အလက်သိရှိရန် စုံစမ်းစစ်ဆေးမှုပြုလုပ်နေကြောင်းသိရသည်။

တောင်ကိုရီးယားနိုင်ငံအနေဖြင့် ပစ်ခတ်မှုနောက်ဆက်တွဲအခြေအနေကို အနီးကပ်စောင့်ကြည့်လေ့လာနေကြောင်းနှင့် အသင့်အနေအထား ရှိနေကြောင်း JCS ကဆိုသည်။

ကိုရီးယားကျွန်းဆွယ်တင်းမာမှုကိုလျှော့ချရန်အတွက် အထောက်အကူမပြုသော လုပ်ရပ်များကို ချက်ချင်းရပ်တံ့ရန် မြောက်ကိုရီးယားနိုင်ငံအား တောင်ကိုရီးယားနိုင်ငံက တိုက်တွန်းထားသည်။(Xinhua)