Connect with us

Asia

မြောက်ကိုးရီးယား နိုင်ငံ က ၎င်းတို့ နိုင်ငံသား မလေးရှား နိုင်ငံ တွင်သေဆုံးခဲ့ခြင်း နှင့် ပတ်သက်၍ မလေးရှား နိုင်ငံ သို့ စုံစမ်းရေး အဖွဲ့ စေလွှတ်

မလေးရှား နိုင်ငံ ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာ လေဆိပ် အမှတ် ၂ ဂိတ်ပေါက် တွင် ရဲဝန်ထမ်း များအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ပြုံယမ်း ၊ ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ)

မြောက်ကိုးရီးယား နိုင်ငံ KNCA သတင်းဌာန က သံတမန်ရေးရာ ဆိုင်ရာ နိုင်ငံကူး လက်မှတ် ကိုင်ဆောင်ထားသည့် မြောက်ကိုးရီးယား နိုင်ငံ သား တစ်ဦး မလေးရှား တွင် သေဆုံး ခဲ့မှုနှင့် ပတ်သက်၍ နိုင်ငံ အနေဖြင့် ဥပဒေရေးရာ ကိုယ်စားလှယ် အဖွဲ့ကို မလေးရှား နိုင်ငံ သို့စေလွှတ်ကာ စုံစမ်းစစ်ဆေးမှု ဆောင်ရွက်ရန် စီစဉ်နေကြောင်းကို ဖေဖော်ဝါရီ ၂၃ ရက်နေ့၌ ဖော်ပြ ခဲ့သည်။ ဤသည်မှာလည်း ယင်းအမှု ဖြစ်ပွား ပြီးနောက်တွင် မြောက်ကိုးရီးယား နိုင်ငံ မီဒီယာ မှ ပထမ ဦးဆုံး ဖော်ပြ ခဲ့သည့် သတင်း ဖြစ်ခဲ့သည်။

ထုတ်ပြန်ခဲ့သည့် သတင်း တွင် မြောက်ကိုးရီးယား နိုင်ငံ ဥပဒေရေးရာ ကော်မတီ ပြောရေးဆိုခွင့်ရှိသူက ယင်းကိစ္စရပ် နှင့် ပတ်သက်၍ ပြောကြားရာတွင် မလေးရှားနိုင်ငံ သည် မြောက်ကိုးရီးယား နိုင်ငံ မှ အပြည်ပြည်ဆိုင်ရာ ဥပဒေ အရ တောင်းဆိုမှု များ ဆောင်ရွက်ခဲ့ခြင်းကို မျက်ကွယ်ပြုခဲ့ပြီး မြောက်ကိုးရီးယား နိုင်ငံ သက်ဆိုင်ရာ တာဝန်ရှိသူများ မရှိသည့် အခြေအနေအောက်တွင် သေဆုံးသူ ၏ ရုပ်အလောင်းကို အတင်းအကြပ် ခွဲစိတ် စစ်ဆေးမှု များကိုဆောင်ရွက် ခဲ့ပြီး ဒုတိယ အကြိမ် ခွဲစိတ် စစ်ဆေးမှု ထပ်မံ ဆောင်ရွက်သွားမည် ကိုလည်း ကြေညာ ခဲ့ကြောင်း ၊ ယင်းကဲ့သို့သော ဆောင်ရွက်မှုမျိုးသည် မြောက်ကိုးရီးယား နိုင်ငံ အချုပ်အခြာအာဏာ ကို ကျူးလွန်သည်မှာ ထင်ရှားသည့် အပြင် လူ့ကျင့်ဝတ်နှင့်လည်း မကိုက်ညီကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် ပြောရေးဆိုခွင့်ရှိသူ အနေဖြင့် မလေးရှား နိုင်ငံ ၏ လုပ်ဆောင်မှုများကို ဝေဖန်မှုများစွာ ပြုလုပ် ခဲ့ပြီး စစ်ဆေးမှု တွင်လည်း မှားယွင်းစွာဆောင်ရွက်မှုများစွာရှိကြောင်း ၊ မလေးရှား နိုင်ငံ အနေဖြင့် ယခု ဖြစ်ပွားခဲ့သည့် အမှု ကို တောင်ကိုးရီးယား နိုင်ငံ ရှိ မြောက်ကိုးရီးယား ဆန့်ကျင်ရေး သမားများ နှင့် ပူးပေါင်းက ပြစ်မှုကျူးလွန်သူ ကို မြောက်ကိုးရီးယား မှ ဖြစ်သည်ဟု ထင်ယောင်ထင်မှား ဖြစ်အောင် ဆောင်ရွက်ခဲ့ကြောင်း ၊ မြောက်ကိုးရီးယား နိုင်ငံ အနေဖြင့် မလေးရှား နိုင်ငံ မှ ဆောင်ရွက်မှု များကို အနီးကပ် စောင့်ကြည့် လေ့လာနေကြောင်း ပြောကြား ခဲ့သည်။

မလေးရှား နိုင်ငံ ရဲတပ်ဖွဲ့သည် ဖေဖော်ဝါရီ ၂၂ ရက်နေ့ က သေဆုံးခဲ့သည့် မြောက်ကိုးရီးယား နိုင်ငံသား နှင့် ပတ်သက်၍ သတင်းစားရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး မှုခင်း နှင့် ပတ်သက်၍ သံသယ ရှိသူ နှစ်ဦး၏ စာရင်းကို ထုတ်ပြန်ပြောကြား ခဲ့သည်။ ထိုသံသယ ရှိသူ ၂ ဦးအနက် တစ်ဦး မှာ မလေးရှား နိုင်ငံ ဆိုင်ရာ မြောက်ကိုးရီးယား သံရုံး မှ လက်ထောက်အတွင်းရေးမှူး အဆင့်ရှိသူ ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

မလေးရှား နိုင်ငံ ၏ ထုတ်ပြန်ခဲ့သည့် သတင်းများ အရ ဖေဖော်ဝါရီ ၁၃ ရက်နေ့ က မြောက်ကိုးရီးယား နိုင်ငံ သား တစ်ဦး သည် ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာ လေဆိပ် အမှတ် ၂ ဂိတ်ပေါက် တွင် ဆေးဝါးကုသပေးရန် ကူညီမှု တောင်းခံခဲ့ပြီး ဆေးရုံသို့ပို့ဆောင်နေစဉ် အတွင်း သေဆုံးခဲ့ကြောင်း ၊ မလေးရှား နိုင်ငံ ဒုတိယ ဝန်ကြီးချုပ် ဇာဟစ် ကလည်း ဖေဖော်ဝါရီ ၁၆ ရက်နေ့တွင် သေဆုံးခဲ့သည့် အမျိုးသား မှာ မြောက်ကိုးရီးယား ခေါင်းဆောင် Kim Jong-un ၏ အကိုဖြစ်သူ Kim Jong-nam ဖြစ်ကြောင်း ထုတ်ပြန် ခဲ့သော်လည်း မြောက်ကိုးရီးယား နိုင်ငံ သံရုံးက ချက်ခြင်း ငြင်းဆိုမှု ပြုလုပ်ခဲ့သည်။

မလေးရှား နိုင်ငံ ဆိုင်ရာ မြောက်ကိုးရီးယား နိုင်ငံ သံရုံးက ဖေဖော်ဝါရီ ၂၀ ရက်နေ့၌ မလေးရှား နိုင်ငံ ၏ စုံစမ်းစစ်ဆေးမှု များ၏ နောက်ကွယ်တွင် စေခိုင်းသူရှိနေပြီး ယခု ဆောင်ရွက်မှုများအားလုံး သည် နိုင်ငံရေး အရ ကြံစည်မှုများ ရှိနေကြောင်း နှင့် မလေးရှား နိုင်ငံ ၏ စစ်ဆေးမှု များအပေါ် ယုံကြည်မှု မရှိကြောင်း ထုတ်ပြန် ခဲ့သည်။ မလေရှား နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မှလည်း မလေးရှား နိုင်ငံ အား အခြားပြည်ပ နိုင်ငံ အစိုးရများနှင့် ပူးပေါင်း ကြံစည်ကြောင်း ပြောဆိုမှုများသည် မလေးရှား နိုင်ငံ၏ ဂုဏ်သိက္ခာပိုင်းဆိုင်ရာ ကို ဆိုးရွားစွာ ထိခိုက်စေခြင်း ဖြစ်ကြောင်း ပြောကြားပြီး မြောက်ကိုးရီးယား နိုင်ငံ ဆိုင်ရာ မလေးရှား နိုင်ငံ သံအမတ်ကြီး ကိုလည်း မြောက်ကိုးရီးယား နိုင်ငံ မှ ပြန်လည် ခေါ်ယူ ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.