Connect with us

Asia

ပါကစ္စတန် နိုင်ငံ စစ်ဘက်ဆိုင်ရာ က တစ်နိုင်ငံလုံး အတိုင်းအတာ အကြမ်းဖက် အင်အား ရှင်းလင်းရေး လုပ်ရှားမှု ဆောင်ရွက်

ပါကစ္စတန် နိုင်ငံ စစ်ဘက်ဆိုင်ရာ မှ စစ်သား များအား ရှာဖွေ စစ်ဆေးမှုများ ဆောင်ရွက်နေသည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

အစ္စလာမာဘတ် ၊ ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ)

ပါကစ္စတန် နိုင်ငံ စစ်ဘက် ဆိုင်ရာ က ပါကစ္စတန် နိုင်ငံ တွင် တစ်နိုင်ငံ လုံးအတိုင်းအတာ နှင့် အကြမ်းဖက် အင်အား ရှင်းလင်းရေး လုပ်ရှားမှု ဆောင်ရွက် နေပြီး လက်ကျန် အကြမ်းဖက် အဖွဲ့ဝင် များ နှင့် အကြမ်းဖက် ဝါဒီ များကို ရှင်းလင်းနေကြောင်း ဖေဖော်ဝါရီ ၂၂ ရက်နေ့ က ထုတ်ပြန် ကြေညာ ခဲ့သည်။

ပါကစ္စတန် စစ်ဘက်ဆိုင်ရာ သတင်းထုတ်ပြန်ရေး ဌာန က ပါကစ္စတန် နိုင်ငံ ကြည်း ၊ ရေ ၊ လေ မှ စစ်အင်အားများ ၊ လုံခြုံရေး နှင့် တရားဥပဒေ စိုးမိုးရေး ပိုင်ဆိုင်ရာ ဌာန များမှ အတူတကွ ပူးပေါင်း၍ အကြမ်းဖက် အင်အား များကို ရှင်းလင်းနေကြောင်း ၊ နယ်စပ် လုံခြုံရေး ပိုင်းဆိုင်ရာ ကို ပိုမို ထိရောက်စွာ ဆောင်ရွက်နေပြီး တစ်နိုင်ငံလုံး အတိုင်းအတာ သေနတ် နှင့် အခြား လက်နက်များကို ပိုမို တင်းကျပ် စွာ ကိုင်တွယ် ထိန်းချုပ်နေကြာင်း ထုတ်ပြန် ခဲ့သည်။

ပါကစ္စတန် နိုင်ငံ မီဒီယာ များ၏ ဖော်ပြချက်အရ လတ်တလော ရက်ပိုင်းတွင် ပါကစ္စတန် နိုင်ငံ တွင် အကြမ်းဖက်မှု များဖြစ်ပွားခဲ့ပြီး လူပေါင်း ၁၁၉ ဦး သေဆုံးကာ ရာနှင့်ချီသောသူများ ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြ ခဲ့ကြသည်။ ယခု လ ၁၆ ရက်နေ့က လည်း ပါကစ္စတန် နိုင်ငံ ရှိ ဘာသာရေး အဆောက်အဦ တစ်ခု တွင် အသေခံ ဗုံးဖောက်ခွဲမှု ဖြစ်ပွားခဲ့ရာတွင် လူပေါင်း ၉၀ သေဆုံးကာ ၃၅၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ထို အသေခံ ဗုံးဖောက်ခွဲမှု ဖြစ်ပွားပြီးနောက်တွင် ပါကစ္စတန် နိုင်ငံ စစ်ဘက်ဆိုင်ရာ နှင့် တရားဥပဒေ စိုးမိုးရေး ပိုင်းဆိုင်ရာ ဌာန တို့မှ အကြမ်းဖက် နှိမ်နင်းရေး ကို ပိုမို အားပြုဆောင်ရွက်ခဲ့ပြီး ပါကစ္စတန် နိုင်ငံ နှင့် အာဖဂန် နစ္စတန် နိုင်ငံ နယ်စပ် ဂိတ် တို့ကိုလည်း ပိတ်သိမ်း ခဲ့သည်။ လက်ရှိချိန်တွင် တစ်နိုင်ငံ လုံးအတိုင်းအတာဖြင့် အကြမ်းဖက် နိမ်နင်းရေး ဆောင်ရွက်ရာ တွင် အကြမ်းဖက် အဖွဲ့ဝင် အနည်းဆုံး ၁၅၀ ဦး ကို ချေမှုန်းခဲ့ပြီး အဖွဲ့ဝင် ၅၀၀ ကျော် ကို ဖမ်းဆီး နိုင်ခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.