Connect with us

Asia

နီပေါ-တရုတ် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အလုပ်အဖွဲ့၏ ပထမအကြိမ်အစည်းအဝေးကို နီပေါနိုင်ငံတွင် ပြုလုပ်

နီပေါနိုင်ငံနှင့် တရုတ်နိုင်ငံကြား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆွေးနွေးပွဲတစ်ခုအား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ခတ္တမန္ဒူ၊ နိုဝင်ဘာ ၃၀ ရက် (ဆင်ဟွာ)

နီပေါနိုင်ငံနှင့် တရုတ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အလုပ်အဖွဲ့၏ ပထမအကြိမ် အစည်းအဝေးကို နိုဝင်ဘာ ၂၉ ရက်က ခတ္တမန္ဒူမြို့တွင် ပြုလုပ်ခဲ့ပြီး နီပေါနိုင်ငံ၌ တရုတ်ရင်းနှီးမြှုပ်နှံမှု လွယ်ကူချောမွေ့ရေး ကိစ္စရပ်များအတွက် နှစ်နိုင်ငံ တာဝန်ရှိသူများ ဆွေးနွေးခဲ့ကြောင်း သိရသည်။

“အစည်းအဝေးအတွင်း မူဝါဒနှင့် ဥပဒေ ပြုပြင်ပြောင်းလဲမှုများ၊ လုပ်ငန်းစဉ် ပြုပြင်ပြောင်းလဲမှုများ အပါအဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လွယ်ကူစေရန် နီပေါနိုင်ငံက ဆောင်ရွက်ထားချက်များကို ဆွေးနွေးခဲ့ကြတယ်” ဟု နီပေါအဖွဲ့အား ဦးဆောင်လာသည့် ဘဏ္ဍာရေးဝန်ကြီးဌာန တွဲဖက်အတွင်းဝန် ဆရီခရစ်ရှ်နာ နီပေါ (Sreekrishna Nepal) က နိုဝင်ဘာ ၂၉ ရက် ညနေပိုင်းက ဆင်ဟွာသို့ ပြောခဲ့သည်။

ထိုအစည်းအဝေးသို့ တရုတ်နိုင်ငံ ကုန်သွယ်ရေးဝန်ကြီးဌာန  အဆင့်မြင့်အရာရှိ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ တက်ရောက်ကြောင်း နီပေါနိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာနအရ သိရသည်။

မကြာသေးမီနှစ်များအတွင်း တရုတ်နိုင်ငံက နီပေါနိုင်ငံတွင် အကြီးမားဆုံး နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) အရင်းအမြစ်ဖြစ်ကြောင်း၊ ပြီးခဲ့သည့် ဘဏ္ဍာနှစ်တွင် တရုတ် ရင်းနှီးမြှုပ်နှံသူများထံမှ အမေရိကန်ဒေါ်လာ ၁၁၄ သန်း ရင်းနှီးမြှုပ်နှံမည့် ကတိကဝတ်များကို နီပေါက လက်ခံရရှိခဲ့ကြောင်း သိရသည်။

လက်ရှိဘဏ္ဍာနှစ် ပထမသုံးလပတ်အတွင်း တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံရန် ကတိပေးထားသော စုစုပေါင်း အမေရိကန်ဒေါ်လာ ၉၅ သန်းရှိ FDI ၏ ၉၃ ရာခိုင်နှုန်းနီးပါး ပြုလုပ်ရန် ကတိပြုထားကြောင်း သိရသည်။ (Xinhua) 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117