Connect with us

Asia

အိန္ဒိယ အရန်တပ်ဖွဲ့မှ စစ်သား ၄ဝဝ ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား

အိန္ဒိယအရန်တပ်ဖွဲ့ မှ စစ်သားများ စစ်တပ်ဝင်းအဝင်ဝ၌ လုံခြုံရေး ရယူထားစဉ် (ဆင်ဟွာ)

နယူးဒေလီ ၊ ဧပြီ ၂ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အလယ်ပိုင်း အရန်စစ်ရဲတပ်ဖွဲ့(CRPF) မှ အနည်းဆုံး စစ်သား ၄ဝဝ ခန့်သည် အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့ပြီးနောက် နိုင်ငံတောင်ပိုင်း Kerala ပြည်နယ်အတွင်းရှိ ဆေးရုံများသို့ပို့ဆောင်ထားရကြောင်း အစိုးရတာဝန်ရှိသူများက ဧပြီလ ၂ ရက်တွင် ပြောကြားခဲ့သည်။

အဆိုပါ အရန်တပ်ဖွဲ့ဝင်များသည် Kerala ခရိုင် Thiruvananthapuram မြို့ရှိ Pallipuram အရန်စစ်ရဲတပ်ဖွဲ့( CRPF) သင်တန်းကျောင်း၌ ကျွေးမွေးသော အသားဟင်းလျာများကို စားသောက်ခဲ့ပြီးနောက် ဗိုက်အောင့်ခြင်း နှင့် အော့အန်ခြင်းများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။“ မနေ့ညနေပိုင်းက Pallipuram စခန်းမှာရှိတဲ့ အနည်းဆုံး အရန်စစ်ရဲတပ်ဖွဲ့ဝင် ၄ဝဝ လောက်ဟာ အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့ပါတယ်။ အဲဒီထဲက ၂ဝဝ နီးပါးလောက်ကို Thiruvananthapuram မြို့က ဆေးကောလိပ် ဆေးရုံကို ပို့ဆောင်ထားပေးရတယ်။ အဲဒီလို အသားဟင်းလျာတွေစားသောက်ပြီး ဗိုက်အောင့်တာ ၊ အော့အန်တာဖြစ်တယ်လို့သတင်းပေးပို့လာတဲ့အတွက် သူတို့ကို နီးစပ်ရာဆေးရုံတွေကို အသီးသီးပို့ဆောင်ပြီး ဆေးဝါးကုသထားပေးရပါတယ်” ဟု Thiruvanathapuram မြို့နယ် အစိုးရအရာရှိတစ်ဦးက ဆိုသည်။

“ဆေးရုံပေါ်မှာ လူနာ ၁၁ဝ ယောက်ရှိပါတယ်။ အားလုံးက ပုံမှန်အခြေအနေပြန်ဖြစ်နေပါပြီ” အစိုးရဆေးကောလိပ်(GMC) မှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသတင်းဌာနသို့တယ်လီဖုန်းဖြင့်ဖြေကြားခဲ့သည်။ “ အစာအဆိပ်သင့်မှုဖြစ်ရခြင်းကတော့ သင်တန်းမှာ ချက်ကျွေးတဲ့ ငါးဟင်းကြောင့် ဖြစ်မယ်လို့သံသယရှိပါတယ်” ဟု အဆိုပါ ဆေးရုံတာဝန်ရှိသူက ဆိုသည်။CRPF အရန်စစ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ နှင့် ဒေသဆိုင်ရာ အစိုးရအဖွဲ့ဝင်များက ဆေးရုံသို့သွားရောက်နေကြောင်း သိရသည်။ အခင်းဖြစ်ကိစ္စရပ်အပေါ် စုံစမ်းစစ်ဆေးမှုပြုလုပ်သွားရန် တာဝန်ရှိသူများက အမိန့်ပေးထားကြောင်း သိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117