Connect with us

Asia

အိန္ဒိယစစ်လက်နက်ပြပွဲ ၄ ရက်တာကျင်းပ

Defexpo စစ်လက်နက်ပြပွဲတွင် ပြသထားသော ခေတ်မီ တင့်ကားတစ်စီးပုံ ( ဓာတ်ပုံ -အင်တာနက် )

နယူးဒေလီ ၊ မတ်လ ၂၈ ရက် ( ဆင်ဟွာ )

အိန္ဒိယနိုင်ငံ၏ ကာကွယ်ရေးသုံးစစ်လက်နက်ပြပွဲ ဖွင့်ပွဲအခမ်းအနားကို မတ်လ ၂၈ ရက်က နိုင်ငံအနောက်ပိုင်းရှိ ဂိုအာ ပြည်နယ်တွင် ကျင်းပခဲ့ကြောင်းသိရသည်။

အစိုးရ၏ မူဝါဒအရ စစ်လက်နက်ထုတ်လုပ်ရေးတွင် အန္ဒိယနိုင်ငံသည် ရှေ့ဆုံး၌ အမြဲတမ်း ဦးဆောင်နိုင်ရန်အတွက် တွန်းအားပေးသွားမည်ဟု အိန္ဒိယ ကာကွယ်ရေးဝန်ကြီး Manohar Parrikar က အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

လေးရက်ကြာကျင်းပသည့် စစ်လက်နက်ပြပွဲတွင် ကမ ္ဘာ့နိုင်ငံပေါင်း ၄၇ နိုင်ငံမှ ကုမ္ပဏီပေါင်း ၁ဝဝဝ ကျော်က ၎င်းတို့တီထွင်ထုတ်လုပ်ထားသော စစ်လက်နက်မျိုးစုံကို ခင်းကျင်းပြသခဲ့ပြီး အိန္ဒိယနိုင်ငံ၏ အကြီးဆုံးစစ်လက်နက်ပြပွဲ အဖြစ်မှတ်တမ်းဝင်ခဲ့သည်။
ယင်းပြပွဲတွင် အိန္ဒိယအစိုးရပိုင် DRDO ( ကာကွယ်ရေးဆိုင်ရာ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့) မှ တီထွင်ထုတ်လုပ်ထားသည့် နောက်ဆုံးပေါ်ခေတ်မီလက်နက်များကိုလည်း ခင်းကျင်းပြသထားပြီး အိန္ဒိယထုတ်စစ်လက်နက်စွမ်းပကားအကြောင်း ကမ ္ဘာကို သိစေခဲ့သည်။
ထို့ပြင် လေယာဉ်ဗုံးကြိုတင်အချက်ပေးစနစ် နှင့်ထိန်းချုပ်ရေးစနစ် ၊ Tejas တိုက်ခိုက်ရေးလေယာဉ်အပေါ့များ ၊ ခေတ်မီတင့်ကားများ ၊ Akash လေကြောင်းကာကွယ်ရေးစနစ် နှင့် Pinaka အတားအဆီးမျိုးစုံ ဖယ်ရှားပစ်ခွင်းနိုင်သည့် ဒုံကျည်များ လည်းပါဝင် ပြသထားသည်။ Defexpo စစ်လက်နက်ပြပွဲနှင့်ပတ်သက်ပြီး ယခင်ကာလများထက် စစ်လက်နက်စွမ်းပကားတိုးတက်လာသည်ကို ရှင်းလင်းစွာ ဖော်ပြရာရောက်ကြောင်းနှင့် လက်နက်တစ်ခုချင်းစီအတွက် ကြီးမား၍ တစ်ကြိမ်မျှ မရှိခဲ့သော နိုင်ငံတကာ၏ တု ံ့ပြန်မှု များကိုလည်း ရရှိခဲ့ကြောင်း အိန္ဒိယ ကာကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။ ( Xinhua )

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.