Connect with us

Asia

အိန္ဒိယပါလီမန်က အတည်ပြုခဲ့သော နိုင်ငံသားပြုမှုဥပဒေသစ်ကြောင့် ဆန္ဒပြမှုများ ဖြစ်ပွား

မြို့တော်နယူးဒေလီ တွင် ဒီဇင်ဘာလ ၁၉ ရက်က ဆန္ဒပြသမားများကိုတွေ့ ရစဉ်(ဆင်ဟွာ)

နယူးဒေလီ၊ ဒီဇင်ဘာ ၂၀ ရက်(ဆင်ဟွာ)

အိန္ဒိယပါလီမန်က အတည်ပြုပြဌာန်းခဲ့သော အငြင်းပွားလျက်ရှိသည့် နိုင်ငံသားပြုမှုဥပဒေသစ်ကို အိ     န္ဒိယနိုင်ငံတစ်ဝန်းတွင်ဆန့်ကျင်ဆန္ဒပြမှုများ ဒီဇင်ဘာလ ၁၉ ရက်ကလည်း ပြုလုပ်လျက်ရှိရာ နိုင်ငံ၏ ပြည်နယ်အများအပြားတွင်မတည်မငြိမ်ဖြစ်လျက်ရှိကြောင်းတာဝန်ရှိသူများကပြောကြားခဲ့ကြသည်။

အာဏာပိုင်များက မြို့တော်နယူးဒေလီအပါအဝင် ပြည်နယ်အများအပြား၌ ဆန္ဒပြမှုများအားခွင့်မပြု သော တင်းကြပ်မှုများနှင့် ပိတ်ပင်တားမြစ်သည့်အမိန့်များအား ပြဌာန်းခဲ့ကြသည်။သို့ရာတွင်ဆန္ဒပြသူ များက သတ်မှတ်စုရုံးရပ်များ၌ လူစုလူဝေးများပြုလုပ်လျက်ရှိရာ ရဲတပ်ဖွဲ့ဝင်များကဖမ်းဆီးမှုများပြု လုပ်ကာ စုရုံးခြင်းမပြုလုပ်ရန် တားဆီးလျက်ရှိသည်။

နယူးဒေလီမြို့တွင်ဆိုလျှင် အင်အားကြီးမားလှသော ရဲတပ်ဖွဲ့ဝင်များကလူသိများသည့်ခံတပ်နီနယ်မြေ တစ်ဝိုက်မှဆန္ဒပြသမားများကို ဖယ်ရှားခဲ့ကြသည်။ ရဲတပ်ဖွဲ့၏ပြောကြားချက်အရ ပုဒ်မ ၁၄၄ ထုတ်ပြန် ၍ဆန္ဒပြမှုများကိုတားမြစ်ထားကာ ခံတပ်နီအနီးရှိ ပြည်သူအများသွားလာရာနေရာများတွင် လူလေးဦး ထက်ပို၍မစုဝေးရန်အမိန့်ထုတ်ထားကြောင်းလည်းသိရသည်။

ကိုလ်ကတ္တား မြို့တွင် ဥပဒေသစ်အားဆန္ဒပြနေသူများကို ဒီဇင်ဘာလ ၁၉ ရက် ကတွေ့ရစဉ်။(ဆင်ဟွာ)

အိန္ဒိယနိုင်ငံတောင်ပိုင်း၊ ကာနာတာကာ ပြည်နယ်မြို့တော်ဘင်္ဂါလုရု တွင်လည်းဆန္ဒပြမှုများကြီးမား စွာဖြစ်ပွားနေကြောင်းသတင်းများအရသိရသည်။ အတ်တာပရာဒက်ရှ် ပြည်နယ်တွင်ပြည်နယ်တစ် ဝန်းလုံး၌ပင် ဆန္ဒမပြရတားမြစ်အမိန့်များထုတ်ပြန်ထားကြောင်းသိရသည်။ ပြည်နယ်ရဲတပ်ဖွဲ့ အကြီး အကဲ အိုပီဆင်း က ပြည်သူများအားလမ်းများပေါ်သို့ထွက်၍ဆန္ဒပြခြင်းမပြုရန် တောင်းဆိုထားသည်။

ဆန္ဒပြမှုများက နိုင်ငံမြောက်ပိုင်း ချန်ဒီဂါမြို့နှင့်နိုင်ငံအရှေ့ပိုင်း ဘီဟာပြည်နယ်၏မြို့တော် ပတ္တနားမြို့ တို့တွင်လည်းဆက်လက်ဖြစ်ပွားနေကြောင်းသိရသည်။ 

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း အဖွဲ့အစည်းများ၊နိုင်ငံရေးပါတီများ၊မြို့ပြလူမှုအဖွဲ့အစည်းများက အိန္ဒိယပါလီမန်ကအတည်ပြုခဲ့သော ဥပဒေကိုနိုင်ငံတစ်ဝန်း ဆန္ဒပြမှုများပြုလုပ်ရန်ဆူပူလှုံ့ဆော် ခဲ့ ကြ ခြင်းဖြစ်သည်။ထိုဥပဒေက ဘင်္ဂလားဒေ့ရှ်၊အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်နိုင်ငံများမှ အိန္ဒိယနိုင်ငံသို့တ ရားမဝင်ပြောင်းရွှေ့လာသူများအနက် ဟိန္ဒူ၊ဆစ်ခ်၊ဗုဒ္ဓဘာသာ၊ဂျိမ်း၊ခရစ်ယန်နှင့် ဇိုရိုရက်စထရာခေါ် ရှေးခေတ် ပါးရှင်းတို့၏ဘာသာ များအားကိုးကွယ်သူများကို အိန္ဒိယနိုင်ငံသားအဖြစ်အသိအမှတ်ပြုရန် သဘောတူထားသည်။သို့ရာတွင် မူဆလင်ပြောင်းရွှေ့နေထိုင်သူများကိုမူ နိုင်ငံသားလျှောက်ထားခွင့်မှ ချန်လှပ်ထားခဲ့သည်။

ထိုသို့တရားမဝင်ရွှေ့ပြောင်းဝင်ရောက်လာသူ မူဆလင်များကို နိုင်ငံသားအဖြစ်လျှောက်ထားခွင့်မှ ချန်လှပ်ထားခဲ့ခြင်းကအိန္ဒိယနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေကထိန်းသိမ်းဖေါ်ပြထားသောလောကီရေးရာ အခြေခံမူများနှင့်ကွဲလွဲနေကြောင်း အတိုက်အခံပါတီများနှင့် လူမှုအဖွဲ့များကဝေဖန်မှုပြုခဲ့ကြသည်။

ထိုဥပဒေသစ်အရ အိန္ဒိယအစိုးရအနေဖြင့် နိုင်ငံတွင်းသို့ ၂၀၁၄ ခုနှစ်၊ဒီဇင်ဘာလ ၃၁ ရက်မတိုင်မီက ဝင်ရောက်လာခဲ့ကြသော အစ္စလမ်ဘာသာဝင်မဟုတ်သည့် အခြားအထက်ဖေါ်ပြပါဘာသာဝင်များမှ ရွှေ့ပြောင်းနေထိုင်သူများကို နိုင်ငံသားအဖြစ်အသိအမှတ်ပြုမည်ဖြစ်သည်။ နိုင်ငံအရှေ့မြောက်ပိုင်း ဒေသရှိပြည်နယ်များတွင်နေထိုင်သူများကမူ ထိုသို့တရားမဝင်ဝင်ရောက်လာသူများကိုနိုင်ငံသားအ ဖြစ်အသိအမှတ် ပြုမည်ဆိုပါက ၎င်းတို့၏အဆင့်အတန်းအားအန္တရာယ်ဖြစ်စေမည်ကိုစိုးရိမ်လျက်ရှိ ကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.