Connect with us

Asia

အိန္ဒိယ နိုင်ငံသား ၂၀၀ ကျော် ဘယ်လ်ဂျီယံမှ နယူး ဒေလီသို့ ပြန်လည် ရောက်ရှိ

နေရပ်သို့ ပြန်လည် ရောက်ရှိလာသည့် အိန္ဒိယ နိုင်ငံသားမျာအား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

နယူးဒေလီ၊ မတ် ၂၅ ရက် (ဆင်ဟွာ)

ဘယ်လ်ဂျီယံ နိုင်ငံတွင် မတ်လ ၂၂ ရက်က ပေါက်ကွဲမှု ဖြစ်ပြီးနောက် ယင်းနိုင်ငံ၌ ရောက်ရှိသော အိန္ဒိယ နိုင်ငံသား ၂၀၀ ကျော်သည် အိန္ဒိယနိုင်ငံမြို့တော်သို့ မတ်လ ၂၅ ရက် နံနက်ပိုင်းက ပြန်လည်ရောက်ရှိ လာခဲ့ကြောင်း သိရသည်။

ခရီးသည် ၂၁၄ ဦးနှင့် လေယာဉ်ဝန်ထမ်း ၂၈ ဦးအား တင်ဆောင်လာသည့် ပုဂ္ဂလိက လေကြောင်းလိုင်း Jet Airways မှ လေယာဉ် တစ်စင်းသည် ဒေသ စံတော်ချိန် နံနက် ၅း၃၀ နာရီ၌ အင်ဒီရာ ဂန္ဒီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆိုက်ရောက် ခဲ့ကြောင်း သိရသည်။

လေယာဉ်အမှတ် 9W 1229 ဖြင့် ရောက်ရှိလားသည့် ခရီးသည်များအား ကြိုဆိုကြောင်း Jet Airways က ၎င်း၏ တွစ်တာအကောင့်၌ ရေးသားခဲ့သည်။ Jet Airways လေကြောင်းလိုင်း ရုံးချုပ်သည် ဥရောပ၏ စီးပွားရေး အချက်အခြာ ဖြစ်သော ဘရပ်ဆဲလ်တွင် ရှိ၍ လေယာဉ် လေးစင်းဖြင့် ခရီးစဉ်များ ပြေးဆွဲလျက် ရှိသည်။
အဆိုပါ လေကြောင်းလိုင်မှ အိန္ဒိယလူမျိုး ဝန်ထမ်း နှစ်ဦးမှာ ဘရပ်ဆဲလ် လေဆိပ် ပေါက်ကွဲမှုများ၌ ဒဏ်ရာရ ရှိခဲ့ကာ ဆေးရုံ၌ ကုသမှု ခံယူလျက်ရှိပြီး လက်ရှိတွင် အခြေအနေကောင်းမွန်နေပြီ ဖြစ်ကြောင်း သိရသည်။
ဘရပ်ဆဲလ်မြို့တော်တွင် မတ်လ ၂၂ ရက် နံနက်ပိုင်းက လေဆိပ်နှင့် မြေအောက်ရထား ဘူတာရုံတွင် ပေါက် ကွဲမှုများ ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၃၄ ဦး သေဆုံးကာ လူပေါင်း ၂၇၀ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.