Connect with us

Australia / Oceania

ဟိုတယ် အကြမ်းဖက်မှု ဖြစ်ပြီးနောက် တစ်နိုင်ငံလုံး အရေးပေါ်ကာလ အဖြစ် မာလီအစိုးရကြေညာ

မာလီနိုင်ငံရှိ ဟိုတယ် တိုက်ခိုက်ခံ ရမှုတွင် မာလီ အထူးတပ်ဖွဲ့ ဝင်များ ကယ်ဆယ်ရေး လုပ်ငန်း ဆောင်ရွက်နေစဉ် (ဆင်ဟွာ)

ဘာမားကို၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ)

မာလီနိုင်ငံ မြို့တော် ဘာမာကိုရှိ အဆင့်မြင့်ဟိုတယ် တစ်ခုတွင် အကြမ်းဖက် တိုက်ခိုက်မှုမှာ အနည်းဆုံးလူ ပေါင်း ၂၇ ဦးသေဆုံးခဲ့ပြီးနောက် ၁၀ ရက်ကို တစ်နိုင်ငံလုံး အရေးပေါ် ကာလ အဖြစ် မာလီ အစိုးရက ကြေညာ လိုက်သည်။

တရုတ်၊ အမေရိကန်နှင့် ဘယ်လ်ဂျီယံ အပါအဝင် တိုက်ခိုက်မှုတွင် သေဆုံးခဲ့ရသူများအတွက် ပူဆွေး ဝမ်းနည်ခြင်း အထိမ်းအမှတ် အဖြစ် သုံးရက် သတ်မှတ်ထားသည်။

ဟိုတယ်အတွင်း၌ သေနတ်သမားများက ကိုးနာရီခန့်အတွင်း ဓားစာခံ ၁၇၀ ဦးခန့် ထိန်းသိမ်းထားခဲ့ပြီး သေနတ်သမားများထံ၌ ရှိနေသည့် ဓားစာခံများအား ပြန်လည် ကယ်ဆယ်ရေး အတွက် မာလီအထူး တပ်ဖွဲ့များက လုပ်ဆောင်နိုင်ခဲ့ ကြောင်း သိရသည်။

နိုင်ငံခြားသား အများစုပါဝင်သည့် ဓားစာခံ ၁၇၀ ကျော်ထဲတွင် သေဆုံးသူ အနည်းဆုံး ၂၇ ဦးခန့် ရှိခဲ့ပြီး လက်ရှိ တွင်မှု ရာဒစ်ဆန် ဘလူးဟိုတယ် ၌ ဓားစာခံများ မကျန်ရှိတော့ကြောင်း လုံခြုံရေးဝန်ကြီး ဆာလစ် ထရာအိုးက ပြောသည်။

ထို သေဆုံးခဲ့ရသော ဓားစာခံများတွင် တရုတ်နိုင်ငံသား သုံးဦးပါဝင်ကြောင်း တရုတ်သံရုံးက ဆင်ဟွာသို့ နိုဝင်ဘာလ ၂၀ ရက်က အတည်ပြု ပြောကြား ထားသည်။ အခြား တရုတ်နိုင်ငံသား လေးဦးကိုမှု ကယ်ဆယ် နိုင်ခဲ့ကြောင်းသိရသည်။
မာလီနိုင်ငံ ဆိုင်ရာ တရုတ်သံရုံး နိုင်ငံရေး ကောင်စစ်ဝန် ဝန်ရိ ၏ အဆိုအရ ကယ်ဆယ်ခြင်းခံရသည့် တရုတ်နိုင်ငံ သား များသည် အခြေအနေ ကောင်းမွန်နေပြီ ဖြစ်ကြောင်း ပြောကြားခဲ့သည်။
သို့သော်လည်း လုံခြုံရေး သတင်းရင်းမြစ်များအရ ခုနှစ်ထပ်ရှိ အဆောက်အအုံ အတွင်းဘက်၌ သေနတ်သမားများ ရှိနေသေးသည့် အတွက် မာလီ အထူးတပ်ဖွဲ့ များသည် ဟိုတယ် လုံခြုံရေးအတွက် ဆက်လက် လုပ် ဆောင်လျက် ရှိကြောင်း ပြောကြားခဲ့သည်။
သေဆုံးသူများ ထဲတွင် တိုက်ခိုက်သူ နှစ်ဦး ပါဝင်ခဲ့ပြီး တိုက်ခိုက်သူ အရေအတွက် မည်မျှရှိကြောင်း မသိရသေး သော်လည်း ၂၂ ဦးခန့် ရှိနိုင်ကြောင်း လုံခြုံရေး သတင်းရင်းမြစ်က ဆိုသည်။
မာလီ အထူးတပ်ဖွဲ့သည် ကယ်ဆယ်ရေး လုပ်ငန်းစဉ်များ အတွက် မာလီရှိ ကုလသမဂ္ဂ ငြိမ်းချမ်းရေး တပ်ဖွဲ့ MINUSMA ၊ အမေရိကန်နှင့် ပြင်သစ် တပ်ဖွဲ့ဝင် များ၏ ကူညီ ထောက်ပံ့မှုများ ရရှိခဲ့သည်။
သေနတ်သမားများ ဖမ်းဆီးထားသည့် ဓားစာခံများထဲမှ အချို့သည် ကိုယ့်နည်း ကိုယ့်ဟန်ဖြင့် လွတ်မြောက်ခဲ့ ပြီး အထူးတပ်ဖွဲ့၏ ကယ်ဆယ်ခြင်းခံလိုက်ရသည်။
မာလီနိုင်ငံ မြောက်ပိုင်းတွင် အခြေစိုက်သည့် Al-Murabitoun ဂျီဟတ်စစ်သွေးကြွအဖွဲ့က ဟိုတယ် တိုက်ခိုက်မှုမှာ ၎င်းတို့ လက်ချက် ဖြစ်ကြောင်း ဝန်ခံထားသည်။ (Xinhua)