Connect with us

Australia / Oceania

အနောက်ဘက်ရှိ ဆိုလာတွင် ပြင်းအား ၆.၉ ငလျင် လှုပ်ခတ်

ဗာနူအာ ကျွန်းနိုင်ငံ မြေပုံအား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

ပေကျင်း၊ ဧပြီ ၆ ရက် (ဆင်ဟွာ)

တောင်ပစိဖိတ် ကျွန်းနိုင်ငံ တစ်ခုဖြစ်သော ဗာနူအာ ကျွန်းနိုင်ငံ အနောက်ဘက်ရှိ Torba ပြည်နယ်ရှိ ဆိုလာ ကျေးရွာကြီး တွင် ဧပြီလ ၆ ရက် ဒေသ စံတော်ချိန် နံနက် ၆း၅၈း၅၁ နာရီ တိုင်းတာချက်အရ ပြင်းအား ၆.၉ ရစ်ချ်တာ စကေးရှိ ငလျင် တစ်ခု လှုပ်ခတ်သွားကြောင်း အမေရိကန် ဘူမိဗေဒဆိုင်ရာ စစ်ဆေးရေး ဋ္ဌာနက ပြောသည်။

ယင်းငလျင်မှာ ကနဦး တိုင်းတာချက် အရ တောင်လတ္တီကျု ၁၃.၉ နှင့် အရှေ့လောင်ဂျီကျု ၁၆၆.၆ ဒီဂရီ အကြား အနက် ၃၃.၀ ကီလိုမီတာ၌ ဗဟိုပြု လှုပ်ခတ်သွားခဲ့ကြောင်း သိရသည်။

လတ်တလော ထုတ်ပြန်ထားချက်အရ ဆူနာမီ သတိပေးချက် ထုတ်ပြန်ထားခြင်း မရှိသေးပေ။

ဗာနူအာကျွန်း နိုင်ငံတွင် ဧပြီလ ၃ ရက်ကလည်း ပြင်းအား ၆.၉ ရစ်ချ်တာ စကေးရှိ ငလျင် လှုပ်ခတ်ခဲ့ရာ ဆူနာမီ သတိပေးချက် ထုတ်ပြန်ခဲ့ပြီးနောက် နာရီပိုင်း အကြာတွင် သတိပေးချက်အား ပြန်လည် ရုပ်သိမ်းခဲ့ကြောင်း သိ ရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117