Connect with us

Australia / Oceania

ဗာနူအာကျွန်းနိုင်ငံတွင် ပြင်းအား ၆.၉ အင်အားရှိ ငလျင်လှုပ်ခတ်

တောင်ပစိဖိတ်ကျွန်းနိုင်ငံ ဗာနူအာကျွန်း မြေပုံအား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

ပေကျင်း၊ ဧပြီ ၃ ရက် (ဆင်ဟွာ)

သြစတြေးလျတိုက်၏ အရှေ့မြောက်ဘက်ရှိ တောင်ပစိဖိတ်ကျွန်းနိုင်ငံ တစ်ခုဖြစ်သော ဗာနူအာ (Vanuatu) ကျွန်းနိုင်ငံ၌ ပြင်းအား ၆.၉ ရစ်ချ်တာစကေးရှိ ငလျင်တစ်ခု ဧပြီလ ၃ ရက် ပေကျင်းစံတော်ချိန် ညနေ ၄း၂၃ နာရီအချိန်၌ လှုပ်ခတ်ခဲ့ကြောင်း တရုတ်ငလျင်ကွန်ရက် စင်တာ အရသိရသည်။

ငလျင်ဗဟိုချက်မှာ တောင်လတ္တီကျု ၁၄.၂ ဒီဂရီ နှင့် အရှေ့လောင်ဂျီကျု ၁၆၆.၈ ဒီဂရီတွင် ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

အစောပိုင်းသတင်းများအရ ငလျင်ပြင်းအားမှာ ၇ ရစ်ချ်တာစကေးရှိပြီး ဆူနာမီ သတိပေးချက် ထုတ်ပြန်ထား ကြောင်း သတင်းဋ္ဌာနအချို့က ဖော်ပြထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.