Connect with us

Eastern Europe

ရုရှားလွှတ်တော်က သမ္မတပူတင်အား နောက်ထပ် သက်တမ်း နှစ်ကြိမ် တာဝန်ထမ်းဆောင်ခွင့်ပြုရန် ဥပဒေကြမ်း အတည်ပြု

ရုရှားနိုင်ငံသမ္မတဗလာတီမာပူတင်အားတွေ့ရစဉ်(ဆင်ဟွာ)

မော်စကို ၊ ဧပြီ ၁ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံ အထက်လွှတ်တော် ဖက်ဒရေးရှင်းကောင်စီက ၂၀၂၄ ခုနှစ်မှ စတင်ကာ လက်ရှိ သမ္မတပူတင်အား နောက်ထပ် သက်တမ်း နှစ်ကြိမ် တာဝန်ထမ်းဆောင်ခွင့်ပြုရန် ဥပဒေကြမ်းတစ်ရပ်အား မတ် ၃၁ ရက်တွင် အတည်ပြုပေးခဲ့ကြောင်း သိရသည်။

ရုရှားအောက်လွှတ်တော် (ဒူးမားလွှတ်တော်) တွင် လွန်ခဲ့သော တစ်ပတ်က ယင်းဥပဒေကြမ်းကို အတည်ပြုခဲ့ပြီး ယင်းကို ဥပဒေတစ်ရပ်အဖြစ် မကြာမီကာလအတွင်း သမ္မတပူတင်က လက်မှတ်ရေးထိုး ပြဌာန်သွားမည်ဟု မျှော်လင့်ရသည်။

ရွေးကောက်ပွဲဥပဒေကြမ်းကို ၂၀၂၀ ပြည့်နှစ် ဇူလိုင်လတွင် ပြုလုပ်သည့် နိုင်ငံလုံးဆိုင်ရာ လူထုဆန္ဒခံယူပွဲအတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးတွင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ချက် ၂၀၆ ခု အနက် တစ်ခုမှာ လက်ရှိနိုင်ငံ့အကြီးအကဲ၏ သက်တမ်းကို နှစ်ကြိမ် ကန့်သတ်ထားသည်။ သို့သော် ယခင်တာဝန်ထမ်းဆောင်ခဲ့သော သက်တမ်းအားထည့်သွင်း ရေတွက်ခြင်း မရှိကြောင်း သိရသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ချက်တွင် ယင်းဥပဒေကြမ်းက ပူတင်အား ယင်း၏ သမ္မတတာဝန် ထမ်းဆောင်ခြင်းကို ၂၀၂၄ ခုနှစ်မှ စတင်ကာ ၂၀၃၆ ခုနှစ်အထိ သက်တမ်းနှစ်ကြိမ် တာဝန်ထမ်းဆောင်ရန် ထည့်သွင်း ဖော်ပြထားကြောင်း သိရသည်။ (Xinhua)
————————————
(English Version)
Russian parliament greenlights bill allowing Putin to run for two more terms
MOSCOW, March 31 (Xinhua) — Russia’s upper house of parliament, the Federation Council, passed a bill on Wednesday enabling incumbent President Vladimir Putin to run for two more terms starting in 2024.
The bill was approved by the lower house of parliament, the State Duma, a week ago. Putin is expected to sign it into law soon.
The draft law on elections was made in pursuance of constitutional amendments adopted in a nationwide referendum in July 2020.
One of the 206 constitutional amendments stipulates that the limit of two presidential terms applies to the incumbent head of state, but without taking into account his previous terms.
In light of the amendment, the bill grants Putin the possibility of starting his presidency from scratch in 2024 and holding the office for two more terms until 2036. Enditem
Photo caption – Russian President Vladimir Putin (Xinhua)