Connect with us

Eastern Europe

ရုရှား နိုင်ငံနှင့် ပြင်သစ် နိုင်ငံတို့မှ သင်္ဘော တည်ဆောက်ရေး သဘောတူညီမှု စာချုပ်အား ဖျက်သိမ်းရန် ဆုံးဖြတ်

ပြင်သစ် နိုင်ငံ၏ Mistral-class ကုန်းရေ နှစ်သွယ် တိုက်ခိုက်ရေး သင်္ဘောအား မြင်တွေ့ ရစဉ် (ဆင်ဟွာ)

မော်စကို ၊ သြဂုတ် ၆ ရက် (ဆင်ဟွာ)

ရုရှား နိုင်ငံ သမ္မတ ရုံးမှ သြဂုတ်လ ၅ ရက်နေ့က ရုရှား နိုင်ငံနှင့် ပြင်သစ် နိုင်ငံတို့ ချုပ်ဆိုခဲ့သည့် Mistral-class ကုန်းရေ နှစ်သွယ် တိုက်ခိုက်ရေး သင်္ဘော တည်ဆောက်ရန် စာချုပ်ကို ဖျက်သိမ်း ရန်ဆုံးဖြတ် လိုက်ပြီ ဖြစ်ကြောင်း နှင့် ပြင်သစ် နိုင်ငံမှ စာချုပ်ပါ အချက်များ အရ ရုရှား နိုင်ငံအား လျော်ကြေး များ ပေးသွားမည် ဖြစ်ကြောင်း တရားဝင် ထုတ်ပြန် ခဲ့သည်။

ရုရှား နိုင်ငံ နှင့် ပြင်သစ် နိုင်ငံ တို့သည် ၂၀၁၁ ခုနှစ် တွင် ပြင်သစ် နိုင်ငံမှ ရုရှား နိုင်ငံ အား Mistral-class ကုန်းရေ နှစ်သွယ် တိုက်ခိုက်ရေး သင်္ဘော တည်ဆောက်ပေးရန် ယူရိုငွေ ၁.၂ ဘီလီယံ တန်းဖိုးရှိ သဘောတူညီမှု စာချုပ်ကို ချုပ်ဆိုခဲ့သည်။ စာချုပ်အရ ပြင်သစ် နိုင်ငံ သည် ရုရှား နိုင်ငံ အား ၂၀၁၄ ခုနှစ် နှင့် ၂၀၁၅ ခုနှစ် တို့တွင် ရုရှား ရေတပ်ထံ သို့ Mistral-class ကုန်းရေ နှစ်သွယ် တိုက်ခိုက်ရေး သင်္ဘော နှစ်စင်း အားပေးအပ် သွားရမည် ဖြစ်သည်။ ထိုသင်္ဘော နှစ်စင်း အတွင်း မှ ပထမ တစ်စင်း သည် တည်ဆောက်မှု ပြီးစီး ခဲ့သော်လည်း ပြင်သစ် နိုင်ငံ မှ ယူကရိန်း အရေးကိစ္စ ကို အကြောင်းပြ၍ ရုရှား နိုင်ငံ ထံသို့ သင်္ဘော အပ်နှံရန် အကြိမ်ကြိမ် အချိန်ရွှေ့ဆိုင်း ခဲ့သည်။ ရုရှား နိုင်ငံ မှလည်း ပြင်သစ် နိုင်ငံ မှ သတ်မှတ် ချိန်အတွင်း သင်္ဘော အပ်နှံခြင်း မပြုလုပ် ပါက စာချုပ် အရ ပြင်သစ် နိုင်ငံ ထံသို့ လျော်ကြေး တောင်းယူမှု ပြုလုပ်သွား မည်ဟု ပြောကြား ခဲ့သည်။

Mistral-class ကုန်းရေ နှစ်သွယ် တိုက်ခိုက်ရေး သင်္ဘောသည် ပြင်သစ် နိုင်ငံမှ တီထွင် တည်ဆောက်ခဲ့သည့် စတုတ္ထ မျိုးဆက် ကုန်းရေ နှစ်သွယ် တိုက်ခိုက်ရေး သင်္ဘော ဖြစ်သည်။ အရှည် ၁၉၉ မီတာ ၊ အကျယ် ၃၂ မီတာ ရှိပြီး တန်ချိန် ၂၁,၀၀၀ ရှိသည်။ ၎င်းသင်္ဘော သည် ခရီးဝေး စစ်သည် ပို့ဆောင်ရေး နှင့် ကုန်းရေ နှစ်သွယ် ညွှန်ကြား တိုက်ခိုက်နိုင်မှု စွမ်းရည်လည်း ပိုင်ဆိုင်သည်။ သင်္ဘောပေါ်တွင် ရဟတ်ယာဉ်များ သယ်ဆောင်နိုင်ပြီး သံချပ်ကာ ကား ၊ တင့်ကား စသည့် အကြီးစားယာဉ် များအပြင် စစ်သည် ၉၀၀ ကိုလည်း သယ်ဆောင်သွား နိုင်သည်။

ဇူလိုင်လ ၃၁ ရက်နေ့ သတင်းများ အရ ရုရှား နိုင်ငံနှင့် ပြင်သစ် နိုင်ငံ တို့သည် Mistral-class ကုန်းရေ နှစ်သွယ် တိုက်ခိုက်ရေး သင်္ဘော စာချုပ်နှင့် ပတ်သက်၍ ဆွေးနွေးမှုတွင် အဖြေထွက်ပေါ်လာ ခဲ့ပြီး ပြင်သစ် နိုင်ငံ မှ ရုရှား နိုင်ငံ အား လျော်ကြေး ယူရို ၁.၂ ဘီလီယံ ပေးချေ သွာမည် ဖြစ်ကြောင်း သိရှိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.