Connect with us

Eastern Europe

အမေရိကန်နိုင်ငံ၌ လူပေါင်းများစွာ ဆန္ဒပြမှုကို “ ကာလရှည်ကြာ အမြစ်တွယ်နေသော နက်နဲသည့်အကျပ်အတည်း”  ဟု သမ္မတပူတင်ပြောကြား

ရုရှားနိုင်ငံသမ္မတ ဗလာတီမာပူတင်အားတွေ့ရစဉ်(ဆင်ဟွာ)

မော်စကို ၊ ဇွန် ၁၅ ရက်(ဆင်ဟွာ)

အာဖရိကန်အမေရိကန် လူမဲအမျိုးသား ဂျော့ဖလွိုက်(George Floyd)  သေဆုံးခဲ့ရမှုအပေါ် မကျေနပ်၍ အမေရိကန်နိုင်ငံတစ်ဝန်းလုံးတွင် လူပေါင်းများစွာဆန္ဒပြပွဲများ ပြုလုပ်နေမှုသည် “ ကာလရှည်ကြာစွာ အမြစ်တွယ် တည်ရှိနေခဲ့သော အလွန်ခက်ခဲနက်နဲသည့် ပြည်တွင်းအကျပ်အတည်းပြဿနာရပ်တစ်ခု ”ဟု ရုရှားနိုင်ငံသမ္မတဗလာတီမာပူတင်က ပြောကြားလိုက်သည်။

“ အမှန်စင်စစ် ၊ ဒီပြဿနာအကျပ်အတည်းကို ကျွန်တော်တို့ တွေ့မြင်နေခဲ့တာ အချိန်အတော်ကြာခဲ့ပါပြီ” ဟု သမ္မတပူတင်က ဇွန် ၁၄ ရက်တွင် ပြုလုပ်သည့် “ မော်စကို ၊ ကရင်မလင်၊ ပူတင်” ရုပ်မြင်သံကြား အစီအစဉ်တွေ့ဆုံးမေးမြန်းခန်းတစ်ခုတွင် ထည့်သွင်းပြောကြားခဲ့သည်။

“ အုပ်စု နဲ့ ပါတီ အကျိုးစီးပွားတွေကို လူ့အဖွဲ့အစည်း နဲ့ ပြည်သူတစ်ရပ်လုံး အကျိုးစီးပွားရဲ့ အပေါ်ကို ဆွဲတင်ထားတယ်” ဟု ပူတင်က ဆိုသည်။ထို့ပြင် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါသည် အမေရိကန်နိုင်ငံတွင် ပြည်တွင်းရေးပြဿနာများစွာ ရှိနေသည်ကို မီးမောင်းထိုးပြနေခြင်းဖြစ်ကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။(Xinhua)