Connect with us

Eastern Europe

ရုရှား နိုင်ငံ ကာကွယ်ရေး ဝန်ကြီး ဋ္ဌာနက တိုက်လေယာဉ် Su-24 မှ လေယာဉ်မှူး တစ်ဦးအား ကယ်ဆယ်နိုင်ခဲ့ကြောင်း အတည်ပြု

ရုရှား တိုက်လေယာဉ် တစ်စီးအား တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ)

ရုရှား ကာကွယ်ရေး ဝန်ကြီး Sergei Shoigu က ပစ်ချခံရသည့် ရုရှား တိုက်လေယာဉ် Su-24 မှ လေယာဉ်မှူး တစ်ဦးအား ကယ်ဆယ်နိုင်ခဲ့ကြောင်း နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ပြောကြားခဲ့သည်။

အဆိုပါ လေယာဉ်မှူး အား ရုရှားနှင့် ဆီးရီးယား တပ်ဖွဲ့များ ပူးပေါင်း၍ ကယ်ဆယ်နိုင်ခဲ့ပြီး အကြမ်းဖက်မှု နှိမ်နင်းရေး ရုရှား လေတပ် တည်ရှိရာ ဆီးရီးယားရှိ Hmeimim လေတပ်စခန်းသို့ ပို့ဆောင်ထားကြောင်း Shoigu ၏ ပြောကြားချက်အား ကိုးကား၍ တာ့စ် သတင်းဋ္ဌာန မှ ဖော်ပြခဲ့သည်။

ရုရှား တိုက်လေယာဉ် Su-24 တိုက်ခိုက် ခံရပြီးနောက် လေယာဉ်မှူး နှစ်ဦး စလုံး လေယာဉ်မှ ခုန်ထွက် နိုင်ခဲ့သော်လည်း လေယာဉ်မှူး တစ်ဦးမှာ မြေပြင်မှ တိုက်ခိုက်မှုကြောင့် မြေပြင်သို့မရောက်ခင် သေဆုံး ခဲ့ကြောင်း ကနဦး အတည်ပြုချက်များ အရ သိရှိရသည်။

ရုရှား နိုင်ငံ၏ တိုက်လေယာဉ် Su-24 သည် ဆီးရီးယားရှိ IS စစ်သွေးကြွ အကြမ်းဖက် အုပ်စုအား တိုက်ခိုက် ရန် တူရကီ နိုင်ငံပိုင် နယ်မြေ နှင့် တစ်ကီလိုမီတာခန့် အကွာအဝေး၌ ရှိချိန်တွင် တူရကီ နိုင်ငံ တိုက်လေယာဉ် ၏ ပစ်ခတ်မှုကို ခံခဲ့ရသဖြင့် ပျက်ကျခဲ့ကြောင်း သိရှိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.